KBZMS General Insurance Co.,Ltd မှ ကလောမြို့နယ်နှင့် ညောင်ရွှေမြို့နယ်ရှိ ရေဘေးသင့်ဒေသခံပြည်သူများ သန့်ရှင်းသောသောက်သုံး‌ရေသန့်ရရှိရေးအတွက် ရေသန့်စက် (၃)စုံလှူဒါန်းခဲ့ပါသည်။


၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်ခန့်တွင် ကလောမြို့နယ်နှင့် ညောင်ရွှေမြို့နယ်တို့တွင် မိုးများအဆက်မပြတ် ရွာသွန်းခြင်းနှင့် တောင်ကျရေများစီးဆင်းလာခြင်းတို့ကြောင့် မြို့ပေါ်နှင့် ပတ်ဝန်းကျင်တွင် ရေကြီး‌ရေလျှံမှုများ ဖြစ်ပွားခဲ့ကာ လူနေအိမ်အချို့ ပျက်စီးခဲ့ပြီး သန့်ရှင်းသော သောက်ရေပြတ်လပ်ရှားပါးမှုများဖြစ်ပေါ်ခဲ့ပါသည်။


KBZMS သည် ရေဘေးသင့်ပြည်သူများအား ပြန်လည်ကယ်ဆယ်ရေးနှင့် ထိရောက်သောကူညီပံ့ပိုးမှုများပေးနိုင်ရန်အတွက် (၁) နာရီလျှင် လီတာ (၁၀၀၀)ထွက်ပြီး (၁)စုံလျှင် ကျပ် (၂၅၀)ဖြင့် ကျပ်ပေါင်း (၇၅၀) တန်ဖိုးရှိ ရေသန့်စက် (၃)စုံအား (၂၉.၁၀.၂၀၂၄) ရက်နေ့တွင် ကလောမြို့နယ်၊ ဓမ္မစကြာဘုန်းတော်ကြီးကျောင်းသို့ (၁) စုံ၊ (၂.၁၁.၂၀၂၄) ရက်နေ့တွင် ကလောမြို့နယ်၊ ဘော်ဆိုင်းမြို့၊ ကံဦးဘုန်းတော်ကြီးကျောင်းသို့ (၁) စုံ၊ (၃.၁၁.၂၀၂၄) ရက်နေ့တွင် ညောင်ရွှေမြို့နယ်၊ ပေါင်းပိုင်းကျေးရွာအုပ်စု၊ တော်ပေါ်ဘုန်တော်ကြီးကျောင်းသို့ (၁) စုံစီလှူဒါန်းခဲ့ပါသည်။


KBZMS သည် သံဃာတော်များနှင့် ပတ်ဝန်းကျင်ရပ်ကွက် ကျေးရွာနေဒေသခံပြည်သူများ သောက်ရေသန့်အဆင်ပြေစွာသုံးနိုင်ရန်ရည်ရွယ်ချက်ဖြင့် လိုအပ်သောနေရာများသို့ နိုင်ရာဝန်ထမ်း၍ တတ်စွမ်းသမျှ ပါဝင်ကူညီလှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။