2026ခုနှစ်၊ မေလ (၅) ရက်နေ့တွင် KBZMS Partners Channel ၏ “Champions Beyond Limits”ပွဲကိုရန်ကုန်မြို့ Melia hotel တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
ဤအခမ်းအနားသည် KBZMS General Insurance၏ Distribution Channel တစ်ခုဖြစ်သည့် KBZMS Partners channel မှ 2024-2025 Financial year အပြီးတစ်နှစ်တာပတ်လုံး ကြိုးစားအားထုတ်ပေးခဲ့ကြသည့် Partners များနှင့် Liaison Officerများအး channel ဘက်မှ အသိအမှတ်ပြုချီးကျူးဂုဏ်ပြုသည့်အနေဖြင့်ပြုလုပ်ပေးသည့်ပွဲဖြစ်ပါသည်။
KBZMS ၏ CEO ဦးစိုင်းလူမွန်အောင်မှ အသိအမှတ်အပြုအဖွင့်အမှာစကားဖြင့် အခမ်အနားကိုစတင်ခဲ့ပြီး Head of Retail Sales ဦးမျိုးမင်းသန့်မှ တစ်နှစ်တာအတွင်းလုပ်ဆောင်ခဲ့သည့် အစီအစဉ်များအားပြန်လည်သုံးသပ်ပြီး ရှေ့ဆက်မည့် မဟာဗျုဟာများ၊ ရည်မှန်းချက်များအား one team, one direction, one bold future ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် ပြောကြားခဲ့ပြီးတာဝန်ရှိသူများမှ စွမ်းဆောင်ရည်အကောင်းမွန်ဆုံးဖြစ်ခဲ့သည့် Partner, Liaison Officer နှင့် ရုံးခွဲများအား ဆုချီးမြှင့်မှုများကိုပြုလုပ်ခဲ့ပါသည်။
စံနှုန်းများကိုကျော်လွန်ကာ အောင်မြင်မှုများကိုဆွတ်ခူးခဲ့ကြသည့်အတွက် ဂုဏ်ပြုပေးသည့်ပွဲအခမ်းအနား၏ပုံရိပ်များကိုလည်း ပြန်လည်မျှဝေပေးလိုက်ရပါသည်။