ကမ္ဘောဇဖောင်ဒေးရှင်းက ငလျင်ဒဏ်ကြောင့်ပျက်စီးဆုံးရှုံးသွားသည့်ဒေသများသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရေးပေါ် ချက်ချင်းဆောင်ရွက်လျက်ရှိ
ကမ္ဘောဇဖောင်းဒေးရှင်းနာယက ဦးအောင်ကိုဝင်း ဦးဆောင်သည့် အဖွဲ့သည် ၂၀၂၅ခုနှစ် မတ်လ(၂၈)ရက် နေ့လယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ရစ်စတာစကေး(၇.၇)အဆင့်ရှိအလွန်ပြင်းထန်သောငလျင်ဒဏ်ကြောင့်ပျက်စီးဆုံးရှုံးခဲ့ရသည့် နေရာဒေသများသို့ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများအမြန်ဆုံး ချက်ချင်း သွားရောက်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကမ္ဘောဇဖောင်ဒေးရှင်းနာယကဦးအောင်ကိုဝင်းဦးဆောင်သောအဖွဲ့သည်
-ငလျင်လှုပ်ခတ်ပြီးသည်နှင့်တစ်ပြိုက်နက် နေ့လယ်(၂:၀၀)နာရီ ချိန်တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသည့် တောင်ကြီးမြို့သစ်တောရပ် ကားလေးကွင်းအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် တောင်ပေါ်မှကျောက်တုံးကြီးပြိုကျလာကာ လူနေဆိုင်ခန်းများပျက်စီးဆုံးရှုံးမှုများကို ကိုယ်တိုင်သွားရောက် ကူညီ ကယ်ဆယ်ခဲ့ပြီး ဒဏ်ရာရရှိသူများကိုတစ်ဦးလျှင်ငွေကျပ်(၅၀၀၀၀၀)စီ ကိုလည်းကောင်း
-ရွှေညောင်တိုက်နယ်ဆေးရုံရှိဆရာဝန်များ၊ဝန်ထမ်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များကိုလည်းကောင်း
-အောင်ပန်းမြို့ ဟိုတယ်အောင်ပန်းရှိ ကယ်ဆယ်ရေးအဖွဲ့အတွက် အလှူငွေကျပ်(၁၀၀)သိန်း၊ထမင်းထုပ်(၂၀၀)၊နှင့်အရေးပေါ်ကူညီကယ်ဆယ်ရေးပစ္စည်းအပြည့်အစုံတို့ကိုလည်းကောင်း အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ထောက်ပံ့ခြင်း လုပ်ငန်းများ ချက်ချင်း ဆောင်ရွက်ခဲ့ပါသည်။
-မတ်လ(၂၈)ရက် ည(၇)နာရီချိန်ခန့်တွင် အောင်ပန်းမြို့ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော အထပ်မြင့် ဟိုတယ်အောင်ပန်း အဆောက်အဦးအောက်တွင် ပိတ်မိနေသည့် အမျိုးသမီးတစ်ဦးအား ကယ်ဆယ်ရေးသမားများက အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့မှုကို ကမ္ဘောဇဖေါင်းဒေးရှင်းနာယက ဦးအောင်ကိုဝင်းကိုယ်တိုင် သွားရောက်ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုအားပေးဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍လည်း မတ်လ(၂၉)ရက်နံနက်ပိုင်း တွင်ကမ္ဘောဇဖောင်ဒေးရှင်းနာယကဦးအောင်ကိုဝင်းဦးဆောင်သည့်အဖွဲ့သည် အင်းလေးဒေသကိုဆက်ပြီးသွားရောက်ပြီး ကူညီကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းများ ကို အမြန်ဆုံး ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။





