၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့တွင် KBZMS General Insurance နှင့် InterRisk Asia (Thailand) တို့ပူးပေါင်းကာ “Earthquake Risk Management & Business Continuity in Myanmar Seminar” အား Chatrium ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ယခုပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍမှတာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် နိုင်ငံတကာကျွမ်းကျင်ပညာရှင်များ ပူးပေါင်းကာ မြန်မာနိုင်ငံ၏ ဘေးအန္တရာယ်ဖြစ်ပွားနိုင်ချေများအတွက် တိကျသော ပြင်ဆင်မှုများကို ပြုလုပ်နိုင်ရန်အတွက်ဖြစ်ပါသည်။

မနက်ပိုင်းတွင် နိုင်ငံတကာနှင့် ပြည်တွင်းစီးပွားရေးအဖွဲ့အစည်းများ ပါဝင်ခဲ့ပြီး နေ့လယ်ပိုင်းတွင် ဂျပန်နိုင်ငံစီးပွားရေးအဖွဲ့ဝင်များက ငလျင်အန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ မြန်မာ–ဂျပန် ပူးပေါင်း ဆောင်ရွက်မှုများအကြောင်းကို ဆွေးနွေးခဲ့ကြသည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဘဏ္ဍာရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်မှ သဘာဝဘေးအန္တရာယ်အတွက် နိုင်ငံတော်အဆင့် ပြင်ဆင်ထားရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပြီး

“ Collaborating for Continuity: Lessons from the Mandalay Earthquake” ခေါင်းစဉ်ဖြင့် ActionAid International ၏ Country Director၊ FIN Myanmar ဥက္ကဋ္ဌ၊ Myanmar-Bangladesh Chamber of Commerce ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ မစ္စတာ Shihab Uddin Ahamad မှဦးဆောင်ဆွေးနွေးခဲ့ပြီး KBZMS ၏ CEOဦးလူမွန်အောင်၊ STATEMENT Architecture + Design ၏ တည်ထောင်သူ Myanmar Green Building Society ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါ်ချောကလျာနှင့် ActionAid International ၏ Partnership and Program ၏ ဦးဆောင်သူ Mr.Lafir Mohammad တို့က ဆွေးနွေးမှုများပြုလုပ်ကြခဲ့ပါသည်။

KBZMS ၏အောင်မြင်စွာကျင်းပပြီးစီးခဲ့သော ယနေ့ဆွေးနွေးပွဲ၏ ပုံရိပ်များအား မှတ်တမ်းအနေဖြင့် ပြန်လည်မျှဝေပေးလိုက်ရပါသည်။