“သွေးသည်အသက်၊ အသက်သည်သွေး” ဆိုတဲ့အတိုင်း မေတ္တာဖြင့် အသက်များစွာကိုကယ်တင်လိုက်ကြပါစို့။
ဖေဖော်ဝါရီလ (၂၈) ရက်နေ့မှာကျင်းပခဲ့သ့ “Save a Life, It’s in Your Blood “ သွေးလှူဒါန်းပွဲတွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ KBZMS ဝန်ထမ်းများဟာ သက်ဆိုင်ရာမြို့နယ်များရှိ သွေးလှူဘဏ်များတွင် မေတ္တာဖြင့် လူ့အသက်တစ်ချောင်းအတွက် အထောက်အကူပြုစေရန် သွေးလှူဒါန်းမှုများပြုလုပ်ခဲ့ပါသည်။
ယခုလိုသွေးလှူဒါန်းခြင်းသည် KBZMS ကို လမ်းညွှန်ပြသပေးသော မေတ္တာ၊ သတ္တိ၊ ဝီရိယဆိုသည့် စံတန်ဖိုး(၃)ခုအနက်မှ မေတ္တာတရားကို လက်ကိုင်ထားပြီး စိတ်အားတက်ကြွမှုအပြည့်နှင့် သွေးလှူဒါန်းပေးခဲ့ခြင်းပဲဖြစ်ပါသည်။
သွေးလှူဒါန်းပြီးသော ဝန်ထမ်းများကိုလည်း အေးဆေးစွာအနားယူပြီး ပြန်လည်အားပြည့်စေရန် အားဖြည့်အစားအသောက်များနှင့် လက်ဆောင်များကိုလည်းပေးအပ်ခဲ့ပါသည်။
သွေးလှူဒါန်းမှုတွင် ပါဝင်ခဲ့တဲ့ KBZMS ဝန်ထမ်းများအားလုံးရဲ့ မေတ္တာစေတနာများကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
KBZMS ရန်ကုန်ရုံးချပ်နှင့်ရုံးခွဲ၊ နေပြည်တော်ရုံးခွဲ၊ မော်လမြိုင်ရုံးခွဲ၊ ဟင်္သာတရုံးခွဲ၊ မြင်းခြံရုံးခွဲ၊ တောင်ငူရုံးခွဲ၊ တောင်ကြီးရုံးခွဲ၊ မြိတ်ရုံးခွဲ၊ ပြည်ရုံးခွဲတို့မှ ဝန်ထမ်းပေါင်းများစွာရဲ့ သွေးလှူတန်းခဲ့တဲ့ပုံရိပ်များဖြစ်ပါသည်။


