KBZMS General Insurance သည် ActionAid Myanmar၊ CIAT Myanmar နှင့် British Chamber of Commerce Myanmar တို့အတူ ပူးပေါင်း၍ ၂၀၂၅ ခုနှစ် မန္တလေးငလျင် လှုပ်ခတ်ခဲ့သည့် တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် “ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆွေးနွေးပွဲနှင့် ကြိုတင်ပြင်ဆင်မှုပြပွဲ” ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင်Wyndham Grand Yangon ဟိုတယ်၌ ကျင်းပခဲ့ပါသည်။
ဤအခမ်းအနားသည် အောက်မေ့သတိရခြင်းအခမ်းအနားတစ်ခုမဟုတ်ဘဲ သင်ယူခြင်း၊ တိုးတက်အောင် ပြုလုပ်ခြင်းနှင့် လက်တွေ့အရေးယူဆောင်ရွက်ခြင်းများအတွက် အတူပူးပေါင်း၍ ဆွေးနွေးကြခြင်းဖြစ်ပါသည်။
InterRisk Asia Thailand နှင့် ပူးပေါင်း၍ အဖွဲ့အစည်းအတွင်း စွမ်းဆောင်ရည်များကို မြှင့်တင်ခြင်းနှင့် ယခုမေလတွင် Myanmar Green Building Society မှ စီစဉ်ပြီး Myanmar Earthquake Committee နှင့် ပူးပေါင်းကာ မြေငလျင်ဒဏ်ခံနိုင်သော အဆောက်အဦဒီဇိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များမှ သင်ကြားပို့ချပေးမည့် Integrated Earthquake Resilient Building Design သင်တန်းကို ထောက်ပံ့ပေးခြင်းတို့မှတဆင့် အန္တရာယ်နားလည်မှုနှင့် ကြိုတင်ပြင်ဆင်မှုပိုင်းများတွင် ဦးဆောင်ရန် KBZMS သည် အစဉ်တစိုက် ကတိကဝတ်ပြုလျက်ရှိပါသည်။
KBZMS အပေါ်တွင်ယုံကြည်စွာလက်တွဲထားသော Customer များအပေါ်တွင်လည်း တာဝန်ယူမှုကို ဆက်လက်ထိန်းသိမ်းထားပြီး ငလျင်နှင့်ပတ်သက်သည့် Claim များကို တစ်နှစ်အတွင်း ၉၉ရာခိုင်နှုန်းအထိ အာမခံလျော်ကြေးပေးဆောင်နိုင်ခဲ့ပါသည်။
ကြိုတင်ပြင်ဆင်မှုသည် ရွေးချယ်စရာ မဟုတ်ဘဲ ခိုင်မာမှုသည် အားလုံးအတူပူးပေါင်းတည်ဆောက်ရမည့်အရာဖြစ်ပါသည်။ ပြန်လည်သုံးသပ်မှုမှတစ်ဆင့် ကြိုတင်ပြင်ပြင်ဆင်မှုများဆီသို့ ခြေလှမ်းစတင်ကြပြီး ပူးပေါင်းမှုများမှတစ်ဆင့် ခိုင်မာမှုများနှင့်ခံနိုင်ရည်ရှိသော မြန်မာနိုင်ငံကို တည်ဆောက်ကြရအောင်