KBZMS သည် “မေတ္တာ၊ သတ္တိ၊ ဝီရိယ” ဆိုသည့် စံတန်ဖိုးများနှင့် လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းခွင်တစ်ခုဖြစ်ပြီး ထိုတန်ဖိုးများထဲမှ တစ်ခုဖြစ်သည့် မေတ္တာနှင့်အညီ လုပ်ငန်းခွင်အတွင်း ကျား/မ ခွဲခြားခြင်းမရှိခြင်း၊ တန်းတူညီမျှရှိခြင်း၊ မတူကွဲပြားခြားနားမှုများကို လက်ခံကျင့်သုံးခြင်းစသည့်အရာများတွင် ပါဝင်လျက်ရှိပြီး လုပ်ငန်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့သော လုပ်ငန်းခွင်တစ်ခုရရှိနိုင်ရန်အတွက် အစဉ်အမြဲကြိုးစားဆောင်ရွက်လျက်ရှိပါသည်။
KBZMS သည် (၂၀၁၉) ခုနှစ် မေလမှ စတင်ကာ မြန်မာနိုင်ငံရှိ EDGE Certificate အား ကိုင်ဆောင်ထားလျက်ရှိသော လုပ်ငန်းစုများအနက် EDGE Certificate ကို ပထမဆုံးရရှိခဲ့သည့် အာမခံကုမ္ပဏီတစ်ခုဖြစ်ပါသည်။ KBZMS ၏အဓိကရည်ရွယ်ချက်စံနှုန်းသည် အာမခံလုပ်ငန်းဖြင့် မြန်မာလူမျိုးများ၏ လူနေမှုအဆင့်အတန်း တိုးတက်စေရေးနှင့် အမျိုးသမီးများအပေါ်တွင် ရင်းနှီးမြှုပ်နှံခြင်းအစရှိသော ကျား/မ တန်းတူညီမျှမှုရှိသည့် လုပ်ငန်းခွင်တစ်ခုကို ဖန်တီးပုံဖော်ပေးနိုင်ရန်ဖြစ်ပါသည်။ ထို့အပြင် မိသားစုဆန်သော လုပ်ငန်းခွင်နှင့် ကျား/မ ခွဲခြားခြင်းမရှိသော လုပ်ငန်းခွင်တစ်ခုကို ဖန်းတီးနိုင်ရန်အတွက် BCGE အဖွဲ့ဝင်ကုမ္ပဏီများနှင့် အတူ mothers’ room program project ကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ winner အဖြစ်လည်း အနိုင်ရရှိခဲ့ပါသည်။
နှစ်စဥ် နိုဝင်ဘာလ (၂၅) ရက်နေ့မှ ဒီဇင်ဘာလ (၁၀) ရက်နေ့သည် လိင်ပိုင်းဆိုင်ရာအခြေပြု ဖိနှိပ်မှုနှင့် အနှောင့်အယှက်များမှ ကင်းဝေးစေရေး (၁၆) ရက်တာ လှုပ်ရှားမှုကာလအဖြစ် ကမ္ဘာတစ်ဝှမ်းတွင် ကျင်းပကြလေ့ရှိပါသည်။
ယခုနှစ်တွင် “No Room for Harassment, Bullying, and Discrimination. It Stops Here and Now” ဟူသော ၁၆ ရက်တာလှုပ်ရှားမှု၏ ဆောင်ပုဒ်အတိုင်း လူမှုအသိုင်းအဝိုင်းများတွင် ဘက်စုံအကြမ်းဖက်မှုများကို ဆန့်ကျင်ကာကွယ်ရန် ကတိကဝတ်ထား၍ လုပ်ဆောင်နေသည့် Business Coalition for Gender Equality (BCGE) မှ စီစဥ်သော (၁၆)ရက်တာလှုပ်ရှားမှု အွန်လိုင်းကမ်ပိန်းတွင် KBZMS မှဝန်ထမ်းများသည် မတူကွဲပြားမှုများနှင့်ခြားနားမှုသည် သက်မှတ်ချက်တစ်ခုသာဖြစ်ပြီး စုံလင်ကွဲပြားမှုတိုင်းသည် တန်းတူညီမျှမှုရှိရမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့်တက်ကြွစွာပါဝင်ခဲ့ကြပါသည်။ဤကဲ့သို့အွန်လိုင်းကမ်ပိန်းတွင်ပါဝင်ခြင်းသည် KBZMS သည် ခွဲခြားဆက်ဆံမှု၊ဖိနှိပ်မှုများကင်းပြီး ကွဲပြားမှုများကိုလက်ခံခြင်းနှင့်အတူ လုံခြုံစိတ်ချရပြီး ပျော်ရွှင်ဖွယ်ရာကောင်းသည့် လုပ်ငန်းခွင်တစ်ခုဖြစ်ကြောင်းကို ပြသခြင်းပင်ဖြစ်ပါသည်။