KBZMS Partners ကြီးများ၊ Liaison Officers များနှင့် KBZMS ရုံးခွဲများ၏ ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့်

Elevate & Celebrate Awarding Ceremony and Grand Dinner ညစာစားပွဲကို ၂၀၂၄ ခုနှစ်၊ မေလ ၃ ရက်နေ့၊ Wyndham Grand ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Elevate & Celebrate Awarding Ceremony ကို CEO ဦးစိုင်းလူမွန်အောင် မှ Appreciation Speech ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ဦးမျိုးမင်းသန့် ( Head of Retail Sales ) မှ ယခုဘဏ္ဍာရေးနှစ် FY 2024-2025 အတွက် Financial Target များ ၊ ပြီးခဲ့တဲ့နှစ် မှ တစ်ဦးချင်းစီ၏ အောင်မြင်မှုများ၊
လာမည့်နှစ် အတွက် KBZMS မှ Digitalization စီမံကိန်းတို့ကို ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့အပြင် Nationwide KBZMS Partner of FY 2023-2024 ဆုရှင် ဦးစိုးမင်းဦးမှလည်း Partner တစ်ယောက်၏ အတွေ့အကြုံများ နှင့် သူလျှောက်လှမ်းခဲ့ရသော အာမခံလောကအကြောင်းတို့ကို My Journey To Excellence ခေါင်းစဉ်အောက်တွင် မျှဝေခဲ့ပါသည်။
post-elevate-3
post-elevate-4
post-elevate-5
Elevate and Celebrate Awarding Ceremony ကို လူကိုယ်တိုင်တက်ရောက်လာသူများသာမက Microsoft Teams မှတစ်ဆင့် တက်ရောက်ကြသော KBZMS ရုံးခွဲ (၂၃) ခုမှ ဝန်ထမ်းများကပါ သူ့ရဲ့အခက်အခဲများကြားက ကြိုးစားမှုများကို ကြားသိရခြင်းကြောင့် ဂုဏ်ယူအားကျခဲ့ရပါသည်။
post-elevate-6
ဆက်လက်ပြီး KBZMS Partner များအား ဆုလက်‌ဆောင်များပေးအပ်ချီးမြှင့်ခြင်း၊ ကံစမ်းမဲအစီအစဉ်များ နှင့် အမှတ်တရဓာတ်ပုံရိုက်ကူးခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ ညနေခင်းတွင်လည်း Grand Dinner ဖြင့် တည်ခင်းဧည့်ခံကျွေးမွေးကာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သော ညနေခင်းတစ်ခုကို ဖန်တီးနိုင်ခဲ့ပါသည်။