KBZMS General Insurance မှ မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော GI Company အနေဖြင့် Regional GEARS Award ဆုကိုလက်ခံရရှိခြင်း။
2025 ခုနှစ်၊ မတ်လ 20 ရက်နေ့၊ Meliá Yangon တွင် Business Coalition for Gender Equality (BCGE) နှင့် AustCham Myanmar တို့မှ ပူးပေါင်းကျင်းပခဲ့တဲ့ Women in Business/ Unleash Her Potential 2025 အခမ်းအနားဟာ မြန်မာနိုင်ငံအတွင်းရှိ လုပ်ငန်းခွင်များအတွင်း ကျား၊မ တန်းတူညီမျှမှု၊ အမျိုးသမီးများခေါင်းဆောင်မှုအခွင့်အလမ်းနှင့် အမျိုးသမီးများအားလုံး ၄င်းတို့ရဲ့အသက်မွေးဝမ်းကြောင်းတွေမှာ ထူးချွန်အောင်မြင်စွာရပ်တည်မှုများကို ဂုဏ်ပြုသည့်အခမ်းအနားတစ်ခုပဲဖြစ်ပါသည်။
KBZMS မှလည်း လုပ်ငန်းခွင်အတွင်း အမျိုးသမီးများတန်းတူညီမျှရေးဆိုင်ရာနှင့်ပတ်သက်၍ BCGE မှချမှတ်ထားသော စံနှုန်းများဖြင့် ကိုက်ညီပါသောကြောင့် Women in Business/ Unleash Her Potential 2025 အခမ်းအနားတွင် Regional GEARS Award ဆုကို KBZMS General Insurance မှ မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော GI Company အနေဖြင့် ဆုလက်ခံရရှိခဲ့ကြောင်း ဂုဏ်ယူစွာဖြင့်ဖော်ပြပေးလိုက်ပါသည်။
KBZMS ၏ စံတန်ဖိုးများဖြစ်သည့် “မေတ္တာ၊ သတ္တိ၊ ဝီရိယ” တို့အပေါ် အခြေခံ၍ ပိုမိုကောင်းမွန်သောအခွင့်အလမ်းများ၊ တန်းတူညီမျှမှုတို့နှင့်အတူ ရှေ့ဆက်မည့်အနာဂတ်ခရီးစဉ်များကိုလည်း Business Coalition for Gender Equality (BCGE)မှ ချမှတ်ထားသောရည်မှန်းချက်များအတိုင်း ဆက်လက်ဆောင်ရွက်သွားပါမည်။




