၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက်၊ တနင်္လာနေ့တွင် KBZMS All Hands Meeting အခမ်းအနားကို Zealax Hotel (GAIA Ballroom) ၌ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Executive Vice Chairman ဦးညိုမြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး CEO ဦးစိုင်းလူမွန်အောင် မှ နောင်လာမည့်နှစ်များတွင် ဆက်လက်လုပ်ကိုင်သွားမည့် စီးပွားရေးဗျူဟာများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
ပွဲကို တက်ရောက်လာတဲ့ဝန်ထမ်းများမှ မေးမြန်းသည့် ကုမ္ပဏီနှင့် သက်ဆိုင်သည့် မေးခွန်းများကို ပြန်လည်ဖြေကြားကာ အောင်မြင်မှုပန်းတိုင်ဆီသို့ အတူတကွ လျှောက်လှမ်းရန် အားပေးစကား ပြောကြားရင်း All Hands Meeting ကို အောင်မြင်စွာ အဆုံးသတ်ခဲ့ပါတယ်။ပြောကြားရင်း All Hands Meeting ကို အောင်မြင်စွာ အဆုံးသတ်ခဲ့ပါတယ်။