သွေးလှူဒါန်းခြင်းသည် မွန်မြတ်တဲ့ဒါနကုသိုလ်တစ်ခုပင်ဖြစ်ပါသည်။

မိမိတို့၏သွေးမှတစ်ဆင့် လိုအပ်သောသူများအတွက် သွေးလှူဒါန်းခြင်းသည် တစ်ပါးသူအတွက် အဖိုးဖြတ်မရသည့် လက်ဆောင်တစ်ခုဖြစ်သလို လူ့အသက်တစ်ချောင်းအတွက်လည်း အထောက်အကူပြုသည့် ပံ့ပိုးမှုတစ်ခုပင်ဖြစ်ပါသည်။

KBZMS သည်မိမိတို့လက်ကိုင်ထားသည့် စံတန်ဖိုးများဖြစ်သည့်“မေတ္တာ၊သတ္တိ၊ ဝီရိယ” ထဲမှ မေတ္တာနှင့်အညီ KBZMS ဝန်ထမ်းများမှ သက်ဆိုင်ရာမြို့နယ်များရှိ သွေးလှူဘဏ်များတွင် လှူဒါန်းခဲ့သည်မှာ ယခုတွင် (၄) ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ပါသည်။

 

ယခုနှစ်တွင် KBZMS General Insurance မှရုံးချုပ်ရှိဝန်ထမ်းများနှင့် ရုံးခွဲများဖြစ်သည့် မြောက်ဥက္ကလာ၊ ဟင်္သာတ၊ လားရှိုး၊မော်လမြိုင်၊မုံရွာ၊ မြင်းခြံ၊ နေပြည်တော်၊ ပခုက္ကူ၊ တောင်ကြီး ရှိဝန်ထမ်းပေါင်း (၆၃) ဦးမှ ပါဝင်လှူဒါန်းခဲ့ကြပါသည်။

 

လူမှုအသိုင်းအဝိုင်းအတွက် ကောင်းမွန်မြင့်မြတ်သည့် အကျိုးပြုမှုများပြုလုပ်ခြင်းသည် မင်္ဂလာရှိသည့်အပြင် ကြည်နူးပီတိဖြစ်ရသည့်အတွက် ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီတိုင်း၏ မေတ္တာ၊စေတနာများစွာအတွက် ဂုဏ်ယူဝမ်းသာပီတိဖြစ်ရပါသည်။