အမျိုးသားတွေအနေနဲ့ ဖခင်၊ ဦးလေး၊ သူငယ်ချင်း၊ အကို၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်၊ ဆရာစသည်ဖြင့် နေရာကဏ္ဍမျိုးစုံမှာကိုယ်စီတာဝန်တွေကိုထမ်းဆောင်နေကြရပါတယ်။
အမျိုးသားတွေမှာလည်း ရှင်သန်ရတဲ့နေ့စွဲတွေမှာ ရှင်သန်နေထိုင်မှုတွေအလိုက် ကြုံရတဲ့အခက်အခဲတွေ၊ တာဝန်တွေ၊ မဖော်ပြနိုင်တဲ့ခံစားချက်တွေ၊ စိတ်မလုံခြုံမှုတွေ များစွာရှိပါတယ်။
သန်မာရမယ်၊မခံစားရဘူး၊မငိုကြွေးရဘူး၊ တာဝန်တွေရှိတယ်ဆိုတဲ့သတ်မှတ်ခေါင်းစဉ်တွေအောက်မှာ ခံစားချက်တွေကိုလျစ်လျူရှုပြီး ဖုံးကွယ်ထားဖို့မလိုအပ်ပါဘူး။
မိသားစု၊ လုပ်ငန်းခွင်၊ လူမှုအသိုင်းအဝိုင်းမှာ အမျိုးသားဖြစ်စေ၊အမျိုးသမီးဖြစ်စေ တန်းတူအခွင့်အရေးနဲ့ထိုက်တန်ပြီး ပံ့ပိုးကူညီမှု၊ ချစ်ခြင်းမေတ္တာတရားရရှိမှု၊ နွေးထွေးမှု၊ အပြန်အလှန်လေးစားမှု၊ စိတ်ရောကိုယ်ပါကျန်းမာရေးကိုအလေးပေးမှု အားလုံးကို ရရှိဖို့လိုအပ်ပါတယ်။
KBZMSအနေနဲ့ လုပ်ငန်းခွင်အတွင်းသာမက ပြင်ပနေထိုင်မှုတွေမှာပါ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ရဲရင့်သန်မာမှု၊ ကာကွယ်မှု အပြည့်နဲ့ ဂုဏ်ယူစွာဆောင်ရွက်နေကြတဲ့ အမျိုးသားများအားလုံးကို အသိအမှတ်ပြုဂုဏ်ပြုပါတယ်။
KBZMS မှ နိုဝင်ဘာလ (၁၉) ရက်နေ့တွင်ကျရောက်ခဲ့တဲ့ “International Men’s Day” ကို ဂုဏ်ပြုသောအားဖြင့် နိုဝင်ဘာလ (၂၁)ရက်နေ့တွင် Customer Service Area မှာ “International Men’s Day” ကို ကျင်းပပေးခဲ့ပြီး အမှတ်တရလက်ဆောင်တွေကို ပေးအပ်ခဲ့ပါတယ်။
“International Men’s Day” ကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြတဲ့ ပုံရိပ်တွေကိုလည်း အမှတ်တရအဖြစ် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။