စက်တင်ဘာလ (၂၀) ရက်နေ့၊ ရန်ကုန်မြို့ Rose Garden Hotelတွင် KBZMS နှင့် MOBဘဏ်တို့၏ ဂုဏ်ပြုညစာစားပွဲကို ကျင်းပြုလုပ်ခဲ့ပြီး ကုမ္ပဏီ (၂)ခုမှ တာဝန်ရှိသူများမှ တက်ရောက်ခဲ့ပါသည်။
ဤအခမ်းအနားသည် KBZMS နှင့် MOB Bank တို့ရှိ Bancassurance channel မှ ဝန်ထမ်းများ၏ကြိုးစားအားထုတ်မှုများကို ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် ကျင်းပပြုလုပ်ပေးသည့် ညစာစားပွဲဖြစ်ပါသည်။
MOB Bank ၏ CEO ဦးကောင်းထက်ဇော်နှင့် KBZMS ၏ CEO ဦးလူမွန်အောင် တို့မှ အဖွင့်အမှာစကားဖြင့် အခမ်းအနားကိုစတင်ခဲ့ပြီး တာဝန်ရှိသူများမှ တစ်နှစ်တာအတွင်းလုပ်ဆောင်ခဲ့သည့် အစီအစဉ်များအားပြန်လည်သုံးသပ်ပြီး ရှေ့ဆက်မည့် မဟာဗျူဟာအစီအစဉ်များနှင့် ရည်မှန်းချက်များအား ပြောကြားခြင်းနှင့် ဆုချီးမြှင့်မှုများပြုလုပ်ခဲ့ပါသည်။
ဂုဏ်ပြုညစာစားပွဲ၏ အောင်မြင်စွာပြီးဆုံးခဲ့သော ပုံရိပ်များကိုလည်း မှတ်တမ်းတစ်ခုအနေဖြင့် ပြန်လည်မျှဝေပေးလိုက်ရပါသည်။