၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့တွင် KBZMS မှ ဦးစီးပြီး မန္တလေးမြို့ခံစီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့်အတူ ပြင်းထန်ငလျင်ဖြစ်ပွားခဲ့သည့်အတွေ့အကြုံများအားမျှဝေဖလှယ်ပြီး နောင်လာမည့်အနာဂတ်တွင် ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်ရန် “ရှင်သန်နိုးထလာသော မန္တလေး” လက်ဖက်ရည်စကားဝိုင်း အားကျင်းပပြုလုပ်ခဲ့ကြပါတယ်။
KBZMS အနေဖြင့် ပြီးခဲ့သည့် (၈) လအတွင်း အာမခံဝန်ဆောင်ရယူထားသည့် Customer များသည် အာမခံလျော်ကြေးငွေဖြင့် ပြန်လည်ထူထောင်မှုများကို လျှင်မြန်စွာလုပ်ဆောင်နိုင်ရန်အတွက် ကြိုးစားအားထုတ်မှုများစွာဖြင့် ဦးစားပေးလုပ်ဆောင်ခဲ့ကြပြီး ယခုအခါတွင် Claim Case (၈၂၉) ခုတွင် စုစုပေါင်း ၈၅ ရာခိုင်နှုန်းအထိ ပြီးစီးဆောင်ရွက်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။
ထို့အပြင် KBZ Center Mandalay ၏ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင်လည်း အတူလက်တွဲပြီးပါဝင်ဆောင်ရွက်လျက်ရှိခဲ့ပါတယ်။
KBZMS သည် အားလုံးအမြဲအတူရှိနေမယ်ဆိုတဲ့ ကတိကဝတ်အတိုင်း ဘဝလုံခြုံမှုရှိရုံသာမက၊ စိတ်လုံခြုံမှုရှိပြီး ခွန်အားများစွာနှင့်ရှေ့ဆက်နိုင်ရန်အတွက် နိုဝင်ဘာလ (၁၂) ရက်နေ့တွင် မန္တလေးရှိ KBZ Center တွင် တက္ကသိုလ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူပေါင်း (၁၀၀) ကျော်နှင့်အတူ “ ရှင်သန်နိုးထလာသော မန္တလေးမှလူငယ်များ” တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။
ယခုအခါတွင်ဒုတိယပွဲအနေဖြင့် ဆရာဆူးငှက်၏ စာပေအသိပညာ၊ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့အတူ မိမိတို့ရဲ့ ပြန်လည်ထူထောင်နိုင်စွမ်းကို မမေ့မလျော့ဘဲ စိတ်ခွန်အားတွေ ပြန်လည်နိုးထလာစေရန်အတွက် “ရှင်သန်နိုးထလာသော မန္တလေး” လက်ဖက်ရည်စကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့ပါတယ်။
ယခုကဲ့သို့ပွဲများကိုကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်ကတော့ ကျေးဇူးတရားပွားများနိုင်စေရန်နှင့် ခွန်အားများစွာနှင့်အတူ ပြန်လည်ထူထောင်နိုင်မှုများပြုလုပ်နိုင်ရန်အတွက်ဖြစ်ပြီး ဘဝလုံခြုံမှု၊ စိတ်လုံခြုံမှုရရှိစေရန်အတွက် ဖြစ်ပါတယ်။
“ရှင်သန်နိုးထလာသော မန္တလေး” လက်ဖက်ရည်စကားဝိုင်း မှာလည်း တစ်ဦးနှင့်တစ်ဦးနှင့်ရင်းနှီးမှုများတည်ဆောက်ကြပြီး အတွေးအမြင်များစွာဖလှယ်ခွင့်ရတဲ့အတွက် KBZMS မှများစွာဝမ်းသာပီတိဖြစ်ရပါတယ်။
အောင်မြင်စွာပြီးမြောက်ခဲ့တဲ့ပုံရိပ်များကိုလည်း ပြန်လည်မျှဝေပေးလိုက်ရပါတယ်။