(10.06.2025) နေ့တွင် ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် ကမ္ဘောဇ ကယ်ဆယ်ကူညီထောက်ပံ့ရေး စင်တာ (မန္တလေး)ကို စတင်ဖွင့်လှစ်ခဲ့ပြီး ထိုဖွင့်ပွဲသို့ KBZMS General Insurance မှ CEO ဦးစိုင်းလူမွန်အောင်မှ တက်ရောက်ခဲ့ပါသည်။
KBZMS မှ Hospital Bed (၁၅) ခုအားလှူဒါန်းအားဖြည့်ပါဝင်ခဲ့ပြီး ဆက်လက်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်း ပါဝင်အားဖြည့်ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။
KBZMS မှ အာမခံအကြံပေးများမှလည်း အာမခံနဲ့ပတ်သက်သည့်အကြောင်းအရာများကို သေချာစွာရှင်းပြနိုင်ရန်အတွက် KBZ Center Mandalay တွင် ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။






