KBZMS General Insurance နှင့် KBZ Bank တို့၏ အကျိုးတူပူးပေါင်းဆောင်ရွက်မှုအောက်တွင် Financial Year 2025–2026 (Year-3) အတွင်း ရရှိခဲ့သော အောင်မြင်မှုများကို ဂုဏ်ပြုအသိအမှတ်ပြုသည့် Appreciation Event & Awarding Ceremony ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
ယခုအခမ်းအနားသည် FY 2025–2026 (Year-3) အတွင်း ထူးချွန်စွာ စွမ်းဆောင်ခဲ့ကြသော Branch များ၊ Business Unit များနှင့် တာဝန်ရှိသူများ၏ ကြိုးပမ်းအားထုတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အောင်မြင်မှုများကို အသိအမှတ်ပြု ဂုဏ်ပြုသည့် အထူးအခမ်းအနားတစ်ရပ် ဖြစ်ပါသည်။
အောင်မြင်မှုတိုင်း၏ နောက်ကွယ်တွင် အားစိုက်ကြိုးပမ်းခဲ့ကြသည့် လုပ်ဖော်ကိုင်ဖက်များအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ ရှေ့ဆက်၍လည်း KBZMS General Insurance နှင့် KBZ Bank တို့သည် Customer များအတွက် ပိုမိုကောင်းမွန်သော ဘဏ်လုပ်ငန်းနှင့် အာမခံဝန်ဆောင်မှုများကို ပူးပေါင်းဖန်တီးပေးရင်း အောင်မြင်မှုအသစ်များကို အတူတကွ ရေးဆွဲသွားမည်ဖြစ်ပါသည်။