KBZMS အနေဖြင့် အာမခံနယ်ပယ်တွင် ကောင်းမွန်သောလုပ်ဆောင်မှုများ၊ တီထွင်ဆန်းသစ်မှုများနှင့် ယုံကြည်စွာလက်တွဲသည့် Customer များအပေါ်တွင် မှန်ကန်သောအာမခံဝန်ဆောင်မှုများပေးဆောင်နိုင်ခြင်းနှင့်အတူ ဝန်ထမ်းပေါင်း (၇၀၀) ကျော်မှ Team Challenge ကိုအောင်မြင်စွာလုပ်ဆောင်နိုင်ပြီး စွမ်းဆောင်ရည်ထက်ကျော်လွန်သော ရလာဒ်များကို ရရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ အောင်မြင်မှုများကို ရရှိခဲ့ခြင်းဖြစ်ပါသည်။

 

ဤအောင်မြင်မှုများသည် KBZMS ၏ CEO ဦးလူမွန်အောင်ချမှတ်ခဲ့သော GROWTH Strategy ၏ ဦးဆောင်မှုတွင် ကဏ္ဍတစ်ခုချင်းစီမှ ဝန်ထမ်းများ၏ လိုက်နာဆောင်ရွက်မှု၊ ပူးပေါင်းပါဝင်မှု၊ အတူတကွကြိုးစားအားထုတ်မှုများနှင့်အတူ Customer များ၏ ယုံကြည်စွာလက်တွဲမှုများကြောင့်သာရရှိခြင်းဖြစ်ပါသည်။

 

KBZMS အနေဖြင့် (၂၀၂၄) ခုနှစ်တွင်

 

  • International Finance Awards 2024 မှ “The Best General Insurance Provider”

 

  • JobNet Myanmar မှ “Best Companies to Work in Myanmar”

 

၂၀၂၅ ခုနှစ်တွင်

 

  • “Myanmar’s First Regional GEARS Award” ဆုများကိုလည်း ရရှိခဲ့ပါသည်။

 

ရှေ့ဆက်၍လည်း KBZMS ၏ Customer များအတွက် စံတန်ဖိုးများဖြစ်သည့် “မေတ္တာ၊ သတ္တိ၊ ဝီရိယ”တို့ကိုလက်ကိုင်ထားပြီး ပိုမိုကောင်းမွန်သည့်အရွေ့များကိုပုံဖော်သွားမည်ဖြစ်ပြီး ပိုမိုမြန်ဆန်စွာ၊ ပိုမိုထိရောက်စွာ၊ ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများစွာနှင့်အတူ အစဉ်အမြဲကြိုးစားသွားမည်ဖြစ်ပါသည်။