၂၀၂၆ခုနှစ်၊ ဇွန်လ(၁၃) ရက်နေ့နှင့် ဇွန်လ (၁၄)ရက်နေ့၊ Sedona Hotel Yangon တွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) မှကြီးမှူးကျင်းပသည့် UMTA Travel Fair (UTF) 2026 ကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်၊ ASEAN ဒေသတွင်းနှင့် နိုင်ငံတကာ ခရီးသွားလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

 

ယခုကျင်းပသည့် UMTA Travel Fair (UTF) 2026 သည် မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရန် စုပေါင်းကြိုးပမ်းကြသည့် အရေးပါသော အခိုက်အတန့်ဖြစ်ပြီး Strengthening Connections, Building Partnerships ဟူသော ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံကို လူမှုအသိုက်အဝန်း၊ ယဉ်ကျေးမှုနှင့် ပတ်ဝန်းကျင်တို့ကို အကျိုးပြုသည့် တာဝန်သိသော ကမ္ဘာ့အဆင့်မီ ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင်သွားရန်အတွက်အဓိကထားလုပ်ဆောင်သည့်အခမ်းအနားဖြစ်ပါသည်။

 

UMTA Travel Fair (UTF) 2026 တွင် KBZMS သည် Silver Sponsor ဖြင့်ပါဝင်ပံ့ပိုးခွင့်ရခဲ့သည့်အတွက် များစွာဂုဏ်ယူဝမ်းသာပီတိဖြစ်ပါသည်။

 

ရှေ့ဆက်ပြီးလည်း KBZMS အနေဖြင့် အားလုံးနှင့်အမြဲအတူရှိပြီး နိုင်ရာကဏ္ဍများတွင် မေတ္တာ စံနှုန်းကိုလက်ကိုင်ထားပြီးတတ်စွမ်းသမျှထက်ပို၍ ပံ့ပိုးပါဝင်သွားပါမည်။

g
d