ပြည်တွင်း/ပြည်ပ ခရီးသွားပြည်သူများ၏ ခရီးစဉ်တိုင်းတွင် ပိုမိုလုံခြုံစိတ်ချရပြီး အဆင်ပြေချောမွေ့သည့် အာမခံဝန်ဆောင်မှုများ ပေးအပ်နိုင်ရေးအတွက် KBZMS General Insurance နှင့် Myanmar Airways International (MAI) တို့ ပူးပေါင်းဆောင်ရွက်သည့် Partnership Agreement Signing Ceremony ကို “ Myanmar Trade Partners Session” အခမ်းအနားတွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

ယခုပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် KBZMS နှင့် MAI တို့သည် လေကြောင်းခရီးသွားများအတွက် လိုအပ်သည့် ခရီးသွားအာမခံ (Travel Insurance) ဝန်ဆောင်မှုများကို ပိုမိုလွယ်ကူ၊ မြန်ဆန်၊ ထိရောက်စွာ ရယူနိုင်ရန် အပြန်အလှန် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

“ Myanmar Trade Partners Session” အခမ်းအနားတွင် သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အပြင် MAI ၏ Brand Ambassador များ ပါဝင်ဆွေးနွေးသည့် Panel Discussion နှင့် တက်ရောက်လာကြသည့် မိတ်ဖက်စီးပွားရေး အဖွဲ့အစည်းများအကြား အနာဂတ် လုပ်ငန်းစဉ်ဆိုင်ရာ ရင်းနှီးစွာ ဆွေးနွေးဖလှယ်မှုများလည်း ပါဝင်ခဲ့ပါသည်။

 

KBZMS General Insurance အနေဖြင့် ခရီးသွားပြည်သူများ၏ ခရီးစဉ်တိုင်းတွင် စိတ်အေးချမ်းမှုနှင့် လုံခြုံမှုအပြည့် ပေးအပ်နိုင်ရန်အတွက် ခေတ်မီဆန်းသစ်သည့် အာမခံဝန်ဆောင်မှုများဖြင့် အစဉ်အမြဲ အနီးကပ် စောင့်ရှောက်ပေးလျက် ရှိပါသည်။

 

2