၂၀၂၆ ခုနှစ်၊ ဧပြီလ (၄)ရက်နေ့ နှင့် ဧပြီလ (၅)ရက်နေ့တွင် KBZMS Management Team အဖွဲ့ ဝင်များမှ နေ့စဉ်လုပ်ငန်းဆောင်တာကိစ္စရပ်များမှ ခဏအနားယူကာ ငွေဆောင်ကမ်းခြေတွင် ပြုလုပ်သည့် Management Offsite Meetingတွင် အဖွဲ့တစ်ခုအဖြစ် စုစည်းခဲ့ကြပါသည်။
CEO မှ ၅နှစ်အတွင်းရည်မှန်းချက်များကိုမျှဝေခဲ့ပြီး ရှေ့ဆက်မည့်လုပ်ငန်းဆောင်တာများအတွက် တိကျသောဦးတည်ချက်နှင့် တူညီသောရည်ရွယ်ချက်တို့ကို အတူတကွပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် သတ်မှတ်ခဲ့ကြပါသည်။
ဤ offsite သည် strategy တစ်ခုမဟုတ်ဘဲ တစ်ဦးနှင့်တစ်ဦးနားလည်မှုကို တည်ဆောက်ခဲ့ကြခြင်းဖြစ်ပါသည်။
Brainstorming ဆွေးနွေးမှုများ၊ အပြန်အလှန်ဆက်သွယ်မှုများနှင့် team challenges များမှတဆင့် တစ်ဦးနှင့်တစ်ဦးအဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်ရာတွင် အမှန်တကယ် လုပ်ဆောင်နိုင်ရန် လိုအပ်သည်မှာ မည်သည့်အရာဖြစ်သည်ကို လေးနက်စွာသင်ယူခဲ့ကြရပါသည်။
နှစ်ရက်တာကာလအတွင်းတွင် ရယ်မောပျော်ရွှင်ဖွယ်ရာအခိုက်အတန့်များနှင့်အတူ စိန်ခေါ်မှုအခက်အခဲများကိုလည်းကြုံခဲ့ရပြီး ထိုအခိုက်အတန့်များကပင် အရေးကြီးသည့် ပြောင်းလဲမှုများကို ရရှိခဲ့ပါသည်။
ရာထူးနှင့်အဆင့်အတန်းများကိုကျော်လွန်ကာ တူညီသောရည်ရွယ်ချက်ရှိကြသူများအဖြစ် ပူးပေါင်းဆောင်ရွက်မှုများလုပ်ခြင်းအားဖြင့် ကုမ္ပဏီ၏တိုးတက်မှုအတွက်သာမက မိမိတို့၏ကိုယ်ပိုင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့်ဘဝများတွင်ပါ တိုးတက်ရန်အထောက်အကူပြုကြောင်းကိုလည်း သိရှိခဲ့ရပါသည်။
နှစ်ရက်တာအတွင်းလုပ်ဆောင်ချက်များမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု၊ ယုံကြည်ချက်ရှိမှုတို့ကို ပိုမိုတိုးတက်လာအောင် ပံ့ပိုးကူညီပေးသည့် Training Partner, Coaching Firm ကိုလည်းကျေးဇူးအထူးတင်ရှိပါသည်။
ယခုကဲ့သို့လုပ်ဆောင်ချက်များသည် ကောင်းမွန်သောပြောင်းလဲခြင်းများအတွက် စတင်သည့်အရွေ့တစ်ခုပင်ဖြစ်ပါသည်။