KBZMS General Insurance မှ Building Continuity Through Resilience Seminar ကို ဩဂုတ်လ ၁၄ ရက်နေ့တွင် တောင်ကြီးမြို့တွင် ကျင်းပခဲ့ပြီး KBZMS ရဲ့ 2026–2027 Disaster Risk Reduction (DRR) Roadshow ရဲ့ ပထမဆုံးခရီးစဉ်ကို စတင်ခဲ့ပါတယ်။
ယခု Seminar သို့ တက်ရောက်အားပေးခဲ့ကြတဲ့ KBZ Group Vice Chairman ဦးညိုမြင့်၊ ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ တို့နှင့်အတူ ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်၊ လင်းယုန်ပရဟိတအဖွဲ့၊ Inle Youth Volunteer Network တို့အပါအဝင် ဒေသခံအဖွဲ့အစည်းများ၊ ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနဲ့ ဒီနေ့ပွဲကို တက်ရောက်အားပေးပြီး အတူတကွ ပူးပေါင်းပါဝင်ပေးခဲ့ကြသူအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။
KBZMS အတွက် အာမခံဆိုတာ အာမခံအကာအကွယ်ပေးခြင်းနဲ့ လျော်ကြေးငွေပေးအပ်ခြင်းမှာပဲ ရပ်တန့်မနေပါဘူး။
“Beyond Insurance” Approach ကနေ လူမှုအသိုင်းအဝိုင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ သဘာဝဘေးအန္တရာယ် မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နဲ့ ဖြစ်ပွားပြီးနောက်ပိုင်းမှာ အန္တရာယ်တွေကို ပိုမိုနားလည်ပြီး ကြိုတင်ပြင်ဆင်နိုင်ဖို့၊ ရေရှည် ကြံ့ကြံ့ခံနိုင်စွမ်း ပိုမိုအားကောင်းလာစေဖို့ အတူတကွ လက်တွဲဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။
ဒီတောင်ကြီးဆွေးနွေးပွဲမှာတော့ Culture, Communities and Business ဆိုတဲ့ မတူညီတဲ့ ရှုထောင့်သုံးခုကို Resilience ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းအောက်မှာ ချိတ်ဆက်ဆွေးနွေးခဲ့ကြပါတယ်။
Preserving Culture Through Resilient Building
STATEMENT Architecture + Design မှ Architect & Researcher ဒေါ်ချောကလျာ မှ ငလျင်ဘေးအန္တရာယ်က ရရှိခဲ့တဲ့ သင်ခန်းစာတွေအပေါ် အခြေခံပြီး ရှမ်းပြည်နယ်ရဲ့ ယဉ်ကျေးမှုအမွေအနှစ်၊ ဒေသခံဗိသုကာလက်ရာတွေနဲ့ လက်မှုပညာတွေကို ထိန်းသိမ်းရင်း ပိုမိုကြံ့ကြံ့ခံနိုင်တဲ့ အဆောက်အအုံတွေ ဘယ်လိုပြန်လည်တည်ဆောက်နိုင်မလဲဆိုတာ မျှဝေဆွေးနွေးခဲ့ပါတယ်။
Empowering Communities to Lead
Inle Resource Center (IRC) ရဲ့ Excellence & Resilience Lead ဒေါ်ယမုံသော် မှ ဒေသခံတွေရဲ့ အသိပညာ၊ အတွေ့အကြုံနဲ့ စွမ်းဆောင်ရည်တွေကို အားကောင်းစေပြီး ကိုယ့်ဒေသရဲ့ သဘာဝဘေးအန္တရာယ်တွေအတွက် ကိုယ်တိုင်ကြိုတင်ပြင်ဆင်နိုင်ဖို့နဲ့ ရေရှည်အသက်မွေးဝမ်းကျောင်းတွေကို ကာကွယ်နိုင်ဖို့ အရေးကြီးပုံကို မျှဝေခဲ့ပါတယ်။
Understanding Risk & Ensuring Business Continuity
KBZMS ရဲ့ Head of Survey & Engineering ဦးကျော်ဇေယျာလင်း မှ မြန်မာနိုင်ငံရဲ့ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုတွေ၊ Disaster Risk Management နဲ့ Business Continuity Planning (BCP) ကနေ စီးပွားရေးလုပ်ငန်းတွေ အန္တရာယ်တွေကို ကြိုတင်နားလည်ပြီး ပြင်ဆင်နိုင်ဖို့နဲ့ မမျှော်လင့်ထားတဲ့ အခက်အခဲတွေ ကြုံတွေ့လာတဲ့အခါ လုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်ဖို့ ဘယ်လိုအထောက်အကူပြုနိုင်မလဲဆိုတာ မျှဝေခဲ့ပါတယ်။
မတူညီတဲ့ ရှုထောင့်တွေဖြစ်ပေမယ့် အားလုံးဟာ ပိုမိုကြံ့ကြံ့ခံနိုင်တဲ့ လူမှုအသိုင်းအဝိုင်းနဲ့ စီးပွားရေးပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ အပြန်အလှန် ချိတ်ဆက်နေပါတယ်။
Resilience ဆိုတာ အဖွဲ့အစည်းတစ်ခုတည်းရဲ့ အားထုတ်မှုနဲ့ တည်ဆောက်လို့ရတဲ့အရာ မဟုတ်ပါဘူး။ အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ၊ ပညာရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနဲ့ ဒေသခံလူမှုအသိုင်းအဝိုင်းတွေ အားလုံး အတူတကွ လက်တွဲပူးပေါင်းမှသာ ပိုမိုကြံ့ကြံ့ခံနိုင်တဲ့ လူမှုအသိုင်းအဝိုင်းနဲ့ အနာဂတ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
ဒါဟာ KBZMS ရဲ့ “Beyond Insurance” Approach ဖြစ်ပါတယ်။
KBZMS ရဲ့ 2026–2027 DRR Roadshow နဲ့အတူ လူမှုအသိုင်းအဝိုင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ပညာရှင်တွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကို ဆက်လက်ချိတ်ဆက်ပြီး ပိုမိုကြံ့ကြံ့ခံနိုင်တဲ့ မြန်မာနိုင်ငံဆီသို့ အတူတကွ ရှေ့ဆက်သွားမှာ ဖြစ်ပါတယ်။