General Insurance Company of the Year – 2026

မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာ၊ KBZMS အတွက် သမိုင်းဝင်အောင်မြင်မှု!
KBZMS General Insurance မှ 30th Asia Insurance Industry Awards 2026 တွင် General Insurance Company of the Year ဆုကြီးကို ဆွတ်ခူးရရှိခဲ့ပါပြီ။
Asia Insurance Review မှ ကြီးမှူးကျင်းပတဲ့ ယခုနှစ် Asia Insurance Industry Awards တွင် ဆုအမျိုးအစား ၁၆ ခုအတွက် ဝင်ရောက်ယှဉ်ပြိုင်မှု ၁၈၅ ခုနီးပါးရှိခဲ့ပြီး အာရှအာမခံလုပ်ငန်းနယ်ပယ်မှ ထူးချွန်တဲ့ ကုမ္ပဏီများကို ရွေးချယ်ဂုဏ်ပြုခဲ့ခြင်းဖြစ်ပါတယ်။
General Insurance Company of the Year ဆုအတွက် အာရှနိုင်ငံ ၅ နိုင်ငံမှ ထိပ်တန်း General Insurance ကုမ္ပဏီ ၅ ခု Finalists အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
Allianz Ayudhya – Thailand
KBZMS General Insurance – Myanmar
MSIG Insurance (Singapore) – Singapore
Phillip General Insurance (Cambodia) – Cambodia
PVI Insurance Corporation – Vietnam
အာရှထိပ်တန်းအာမခံကုမ္ပဏီများနဲ့အတူ Finalist အဖြစ် ရွေးချယ်ခံခဲ့ရပြီး General Insurance Company of the Year ဆုကြီးကို KBZMS က ဆွတ်ခူးရရှိခဲ့ခြင်းဟာ မြန်မာနိုင်ငံရဲ့ Insurance Industry အတွက်ပါ ဂုဏ်ယူစရာ အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်။
KBZMS အနေနဲ့ Customers တွေရဲ့ ယုံကြည်မှုကို အလေးထားပြီး ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးအပ်နိုင်ဖို့၊ Digital Innovation တွေကတစ်ဆင့် Insurance Protection ကို လူအများ ပိုမိုလက်လှမ်းမီလာစေဖို့နဲ့ မြန်မာနိုင်ငံရဲ့ Insurance Industry ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။
ဒါ့အပြင် Disaster Risk Reduction နဲ့ Community Resilience လုပ်ငန်းတွေမှာလည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ရင်း သဘာဝဘေးအန္တရာယ်တွေကို ကြိုတင်ပြင်ဆင်နိုင်ဖို့နဲ့ ပိုမိုလုံခြုံစိတ်ချရတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခု ဖြစ်လာစေဖို့ ဆက်လက်ပံ့ပိုးပေးနေပါတယ်။
ဒီဆုဟာ KBZMS ရဲ့ Business Performance ကို အသိအမှတ်ပြုခြင်းသာမက စည်းလုံးညီညွတ်မှု၊ တာဝန်ယူမှုနဲ့ အတူတကွ ကြိုးပမ်းအားထုတ်မှုတွေကို ပြသခဲ့တဲ့ ONE KBZMS Team တစ်ဖွဲ့လုံးရဲ့ အောင်မြင်မှုလည်း ဖြစ်ပါတယ်။
ဒီအောင်မြင်မှုအတွက် အစဉ်အမြဲ ကြိုးစားပေးနေကြတဲ့ KBZMS ဝန်ထမ်းများ၊ Shareholders များ၊ Business Partners များနဲ့ KBZMS ကို ယုံကြည်အားပေးကြတဲ့ Customers များအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။
Proud to Represent Myanmar. Honored to Stand Among Asia’s Best.
ရှေ့ဆက်ပြီးလည်း မြန်မာပြည်သူတွေရဲ့ ဘဝနဲ့ စီးပွားရေးလုပ်ငန်းတွေကို ကာကွယ်ပေးရင်း ပိုမိုလုံခြုံစိတ်ချရတဲ့ အနာဂတ်တစ်ခုကို အတူတကွ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
Beyond Insurance.Beyond Awareness.Into Action.

Beyond Insurance.Beyond Awareness.Into Action.
KBZMS အနေနဲ့ ဘေးအန္တရာယ်ဒဏ် ကြံ့ကြံ့ခံနိုင်စွမ်းရှိတဲ့ လူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်ဖို့ဆိုတာ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပွားပြီးမှ စတင်ဆောင်ရွက်ရတာမဟုတ်ဘဲ မဖြစ်ပွားခင်ကတည်းက ကြိုတင်ပြင်ဆင်ကာကွယ်မှုတွေနဲ့ စတင်ရမယ်လို့ ယုံကြည်ပါတယ်။
၂၀၂၅ ခုနှစ် မတ်လက ဖြစ်ပွားခဲ့တဲ့ အင်အားပြင်းငလျင်ကြီးနောက်ပိုင်း Mandalay Phoenix အစီအစဉ်တွေကနေ ငလျင်ဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေးကို ပံ့ပိုးကူညီခဲ့သလို၊ ရှမ်းပြည်နယ်၊ မန္တလေးနဲ့ ရန်ကုန်တို့မှာ ပြုလုပ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲတွေကနေတစ်ဆင့် လူဦးရေ ၃,၀၀၀ ကျော်ကိုပါ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနဲ့ လျှော့ချရေးဆိုင်ရာ အသိပညာတွေ မျှဝေပေးနိုင်ခဲ့ပါတယ်။ အခုအခါမှာတော့ အသိပညာပေးခြင်းမှ နောက်တစ်ဆင့်တက်လှမ်းပြီး ရပ်ရွာလူထုနဲ့အတူ လက်တွဲကာ လက်တွေ့အကျိုးပြုလုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါတယ်။
အောက်တိုဘာလ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်လျှော့ချရေးနေ့ အထိမ်းအမှတ်အဖြစ် အောက်တိုဘာလ ၁၂ ရက်နေ့မှာ KBZMS ရဲ့ အမှုဆောင်အရာရှိချုပ် ဦးစိုင်းလူမွန်အောင် ဦးဆောင်တဲ့ KBZMS စေတနာ့ဝန်ထမ်း ၅၀ ဦးဟာ FIN Myanmar၊ Early Childhood School Management Committee နဲ့ Community Resource Center တို့နဲ့ ပူးပေါင်းပြီး သန်လျင်မြို့နယ်၊ နတ်စင်ကုန်းကျေးရွာမှာ ရပ်ရွာအကျိုးပြုလုပ်ငန်းတွေကို ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီလုပ်ငန်းတွေမှာ ရေကြီးရေလျှံမှုအန္တရာယ် လျော့နည်းစေဖို့၊ ရေဝပ်မှုတွေကို ကာကွယ်ဖို့နဲ့ ပိုမိုသန့်ရှင်းပြီး ဘေးကင်းလုံခြုံတဲ့ ရပ်ရွာပတ်ဝန်းကျင်တွေ ဖြစ်လာစေရန် ရည်ရွယ်ပြီး ရေနုတ်မြောင်း ပြန်လည်ပြုပြင်မွမ်းမံခြင်းနဲ့ မြေဖို့ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြရာကနေ အိမ်ထောင်စု ၂,၅၀၀ ကျော်နဲ့ လူဦးရေ ၁၂,၅၀၀ ခန့်အတွက် အကျိုးပြုနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပုသိမ်နဲ့ ဟင်္သာတရုံးခွဲတွေက ဝန်ထမ်းတွေဟာလည်း မိမိတို့ဒေသတွင်း ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ ရပ်ရွာအကျိုးပြုလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
KBZMS အတွက် Beyond Insurance ဆိုတာ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပွားပြီးမှ ပြန်လည်ထူထောင်ရေးကို ကူညီပေးတာတင်မကဘဲ ဘေးအန္တရာယ်တွေကို ကြိုတင်လျှော့ချနိုင်ဖို့၊ ရပ်ရွာလူထုနဲ့အတူ လက်တွဲဆောင်ရွက်ဖို့နဲ့ ပိုမိုဘေးကင်းလုံခြုံပြီး ကြံ့ကြံ့ခံနိုင်စွမ်းရှိတဲ့ အနာဂတ်တစ်ခုကို အတူတကွ တည်ဆောက်သွားဖို့ ဖြစ်ပါတယ်။
Shared with Warm Compassion: KBZMS’s 5th Blood Donation Drive

စက်တင်ဘာလ (၂) ရက်နေ့တွင် KBZMS ဝန်ထမ်းများမှ မိမိတို့သက်ဆိုင်ရာ မြို့နယ်များရှိ သွေးလှူဘဏ်များတွင် မေတ္တာတရားရှေ့ထား၍ သွေးလှူဒါန်းခဲ့ကြပါသည်။
KBZMS ၏ တန်ဖိုးများဖြစ်သော မေတ္တာ၊ သတ္တိ၊ ဝီရိယ တို့ကို အခြေခံကာ ယခု (၅) ကြိမ်မြောက်အထိ သွေးလှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး CSR နှင့် လူထုအကျိုးပြု လုပ်ငန်းစဉ်များအဖြစ် လိုအပ်နေသူများ၏ အသက်များကို ဆက်လက်ကူညီပေးသွားမည် ဖြစ်ပါသည်။
စိတ်အားထက်သန်စွာ ပါဝင်လှူဒါန်းခဲ့ကြသော ဝန်ထမ်းများအတွက် အစားအစာများနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည့် ပုံရိပ်လေးများကို မျှဝေပေးလိုက်ရပါသည်။
Partnership Agreement Signing Ceremony

ပြည်တွင်း/ပြည်ပ ခရီးသွားပြည်သူများ၏ ခရီးစဉ်တိုင်းတွင် ပိုမိုလုံခြုံစိတ်ချရပြီး အဆင်ပြေချောမွေ့သည့် အာမခံဝန်ဆောင်မှုများ ပေးအပ်နိုင်ရေးအတွက် KBZMS General Insurance နှင့် Myanmar Airways International (MAI) တို့ ပူးပေါင်းဆောင်ရွက်သည့် Partnership Agreement Signing Ceremony ကို “ Myanmar Trade Partners Session” အခမ်းအနားတွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
ယခုပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် KBZMS နှင့် MAI တို့သည် လေကြောင်းခရီးသွားများအတွက် လိုအပ်သည့် ခရီးသွားအာမခံ (Travel Insurance) ဝန်ဆောင်မှုများကို ပိုမိုလွယ်ကူ၊ မြန်ဆန်၊ ထိရောက်စွာ ရယူနိုင်ရန် အပြန်အလှန် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
“ Myanmar Trade Partners Session” အခမ်းအနားတွင် သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အပြင် MAI ၏ Brand Ambassador များ ပါဝင်ဆွေးနွေးသည့် Panel Discussion နှင့် တက်ရောက်လာကြသည့် မိတ်ဖက်စီးပွားရေး အဖွဲ့အစည်းများအကြား အနာဂတ် လုပ်ငန်းစဉ်ဆိုင်ရာ ရင်းနှီးစွာ ဆွေးနွေးဖလှယ်မှုများလည်း ပါဝင်ခဲ့ပါသည်။
KBZMS General Insurance အနေဖြင့် ခရီးသွားပြည်သူများ၏ ခရီးစဉ်တိုင်းတွင် စိတ်အေးချမ်းမှုနှင့် လုံခြုံမှုအပြည့် ပေးအပ်နိုင်ရန်အတွက် ခေတ်မီဆန်းသစ်သည့် အာမခံဝန်ဆောင်မှုများဖြင့် အစဉ်အမြဲ အနီးကပ် စောင့်ရှောက်ပေးလျက် ရှိပါသည်။
Kick-off & Appreciation Event

KBZMS နှင့် uab bank PCL တို့၏ ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ရရှိခဲ့သော Outstanding Performance များကို အတူတကွ ဂုဏ်ပြုခဲ့ကြပြီး ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့သည့် လုပ်ဖော်ကိုင်ဖက်များအား ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ပါသည်။
ထို့အပြင် FY26–27 အတွက် ပိုမိုကောင်းမွန်သော Customer Experience နှင့် လုပ်ငန်းတိုးတက်မှုများကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်ထားသည့် Strategic Plans များကိုလည်း အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။
အခမ်းအနားတွင် တက်ကြွစွာ ပါဝင်ခဲ့ကြသည့် လုပ်ဖော်ကိုင်ဖက်များ၏ အမှတ်တရပုံရိပ်အချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ယနေ့အောင်မြင်မှုများ၏ နောက်ကွယ်တွင် အားစိုက်ကြိုးပမ်းခဲ့ကြသည့် လုပ်ဖော်ကိုင်ဖက်များအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ ရှေ့ဆက်၍လည်း KBZMS နှင့် uab bank PCL တို့သည် Customer များအတွက် ပိုမိုကောင်းမွန်သော အာမခံနှင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပူးပေါင်းဖန်တီးပေးသွားမည်ဖြစ်ပါသည်။
Bancassurance Partnership Agreement Signing Ceremony

KBZMS General Insurance နှင့် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank) တို့၏ Bancassurance Partnership Agreement Signing Ceremony ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့ တွင် Pan Pacific Yangon ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
ယခုမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုသည် Customer များအတွက် ယုံကြည်စိတ်ချရသော ဘဏ်ဝန်ဆောင်မှုများနှင့် အာမခံဝန်ဆောင်မှုများကို ပိုမိုအဆင်ပြေ၊ လွယ်ကူပြီး အရည်အသွေးမြင့်မားစွာ ရရှိနိုင်စေရန် ရည်ရွယ်ထားသည့် အရေးပါသော ခြေလှမ်းတစ်ခုဖြစ်ပါသည်။
ရှေ့ဆက်၍လည်း Customer များ၏ လိုအပ်ချက်များကို အခြေခံသော ဘဏ္ဍာရေးနှင့် အာမခံဝန်ဆောင်မှုများကို ပူးပေါင်းဖန်တီးပေးသွားမည်ဖြစ်ပါသည်။
Seven Years of Excellence

KBZMS General Insurance သည် ၂၀၂၆ ခုနှစ်တွင် Insurance Asia မှ ပေးအပ်သည့် အောက်ပါဆုနှစ်ဆုကို ရရှိခဲ့သည့်အတွက် အထူးဂုဏ်ယူဝမ်းမြောက်မိပါသည်။
Domestic General Insurer of the Year, Myanmar
ESG Initiative of the Year, Myanmar
Domestic General Insurer of the Year ဆုကို (၇) ကြိမ်မြောက် ဆက်တိုက်ရရှိခြင်းသည် KBZMS အတွက် အလွန်ဂုဏ်ယူဖွယ်ရာ မှတ်တိုင်တစ်ခုဖြစ်ပြီး Customer များ၏ ယုံကြည်မှု၊ ဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုနှင့် KBZMS ၏ “မေတ္တာ၊ သတ္တိ၊ ဝီရိယ” တန်ဖိုးများအပေါ် အခြေခံ၍ ပေးအပ်လျက်ရှိသော အာမခံဝန်ဆောင်မှုများ၏ အသိအမှတ်ပြုမှုတစ်ရပ်လည်း ဖြစ်ပါသည်။
ထို့အပြင် ESG Initiative of the Year ဆုကို ရရှိခဲ့ခြင်းသည် အာမခံဝန်ဆောင်မှုများပေးအပ်ခြင်းထက် ကျော်လွန်၍ လူမှုအသိုင်းအဝိုင်းများအတွက် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ဖန်တီးနိုင်ရန် KBZMS ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုခြင်းဖြစ်ပါသည်။
ဤအောင်မြင်မှုများသည် Customer များ၏ ယုံကြည်စွာ လက်တွဲမှု၊ ဝန်ထမ်းများ၏ အပ်နှံကြိုးပမ်းမှုနှင့် မိတ်ဖက်များ၏ ပူးပေါင်းပံ့ပိုးမှုတို့ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။
KBZMS နှင့်အတူ လက်တွဲပါဝင်ပေးခဲ့ကြသော Customer များ၊ ဝန်ထမ်းများနှင့် မိတ်ဖက်များအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။
ရှေ့ဆက်၍လည်း မြန်မာနိုင်ငံ၏ ယုံကြည်စိတ်ချရသော အာမခံမိတ်ဖက်အဖြစ် Customer များနှင့် လူမှုအသိုင်းအဝိုင်းများအတွက် တန်ဖိုးရှိသော ဝန်ဆောင်မှုများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ပါသည်။
UMTA Travel Fair (UTF) 2026

၂၀၂၆ခုနှစ်၊ ဇွန်လ(၁၃) ရက်နေ့နှင့် ဇွန်လ (၁၄)ရက်နေ့၊ Sedona Hotel Yangon တွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) မှကြီးမှူးကျင်းပသည့် UMTA Travel Fair (UTF) 2026 ကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်၊ ASEAN ဒေသတွင်းနှင့် နိုင်ငံတကာ ခရီးသွားလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ယခုကျင်းပသည့် UMTA Travel Fair (UTF) 2026 သည် မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရန် စုပေါင်းကြိုးပမ်းကြသည့် အရေးပါသော အခိုက်အတန့်ဖြစ်ပြီး Strengthening Connections, Building Partnerships ဟူသော ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံကို လူမှုအသိုက်အဝန်း၊ ယဉ်ကျေးမှုနှင့် ပတ်ဝန်းကျင်တို့ကို အကျိုးပြုသည့် တာဝန်သိသော ကမ္ဘာ့အဆင့်မီ ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင်သွားရန်အတွက်အဓိကထားလုပ်ဆောင်သည့်အခမ်းအနားဖြစ်ပါသည်။
UMTA Travel Fair (UTF) 2026 တွင် KBZMS သည် Silver Sponsor ဖြင့်ပါဝင်ပံ့ပိုးခွင့်ရခဲ့သည့်အတွက် များစွာဂုဏ်ယူဝမ်းသာပီတိဖြစ်ပါသည်။
ရှေ့ဆက်ပြီးလည်း KBZMS အနေဖြင့် အားလုံးနှင့်အမြဲအတူရှိပြီး နိုင်ရာကဏ္ဍများတွင် မေတ္တာ စံနှုန်းကိုလက်ကိုင်ထားပြီးတတ်စွမ်းသမျှထက်ပို၍ ပံ့ပိုးပါဝင်သွားပါမည်။
Walking with Care, Growing with Trust Celebrating 13 Years Together

(၁၃)နှစ်ပြည့်ခရီးမှ အမှတ်တရအခိုက်အတန့်များ
မှတ်တမ်းတွေရဲ့နောက်ကွယ်မှာအောင်မြင်မှုတွေလည်းရှိသလို၊ကြိုးစားခဲ့ရတဲ့အခိုက်အတန့်၊ပင်ပန်းမှုများစွာလည်းရှိပါတယ်။
KBZMS ရဲ့ (၁၃) နှစ်တာဖြစ်တည်လာမှုက Customer များရဲ့ ယုံကြည်မှု၊ ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီတိုင်းရဲ့ကြိုးစားအားထုတ်မှုတွေကြောင့်သာ ဒီခရီးကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။
KBZMS ရဲ့ (၁၃)နှစ်ပြည့်တာခရီးမှာ (၃)ကြိမ်မြောက် All-Hands Meeting ကိုလည်းကျင်းပပြုလုပ်ခဲ့ပါတယ်။
ဝန်ထမ်းများအတွက်လည်း ညစာဖြင့်ဧည့်ခံကျွေးမွေးခဲ့ပြီး တစ်ခြားသောပျော်ရွှင်ဖွယ်ရာ Activities များစွာဖြင့်အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။
KBZMS Dinner Time ရဲ့အမှတ်တရပုံရိပ်တွေကိုလည်းပြန်လည်မျှဝေပေးလိုက်ပါတယ်။
Moving Forward Together

၂၀၂၆ ခုနှစ် ဇွန်လ (၅) ရက်နေ့၊ မန္တလေးမြို့ရှိ Golden Duck Restaurantတွင် မန္တလေးအခြေစိုက် Express အဝေးပြေးယာဉ်လုပ်ငန်းရှင်များနှင့် လှည့်လည်ခရီးသွားလုပ်ငန်းရှင်များအတွက် စီစဉ်ကျင်းပသည့် နှစ်ပတ်လည် ဆုပေးပွဲနှင့် ဂုဏ်ပြုညစာစားပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် KBZMS CEO ဦးစိုင်းလူမွန်အောင်မှ KBZMS နှင့် ယုံကြည်စွာ လက်တွဲပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည့် မိတ်ဖက်များအား ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး၊ ရှေ့ဆက်၍လည်း ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုများဖြင့် အတူတကွ တိုးတက်အောင်မြင်မှုများ ဖန်တီးသွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် ဖျော်ဖြေရေးအစီအစဉ်များနှင့်အတူ လုပ်ငန်းရှင်ကြီးများအား အသိအမှတ်ပြုဂုဏ်ပြုခြင်း၊ တစ်ခြားသော ပျော်ရွှင်ဖွယ်ရာ Activities များစွာဖြင့် နှစ်ပတ်လည် ဆုပေးပွဲနှင့် ဂုဏ်ပြုညစာစားပွဲကိုအောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။
KBZMS အနေဖြင့် ရှေ့ဆက်၍ မိတ်ဖက်များနှင့်အတူ အပြန်အလှန်ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုအခြေခံကာ နောင်နှစ်များစွာတိုင်အောင်မြင်မှုများကိုအတူတည်ဆောက်သွားကြပါမည်။
အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သော အခမ်းအနား၏ အမှတ်တရပုံရိပ်များကိုလည်း ပြန်လည်မျှဝေပေးလိုက်ရပါသည်။