One Team. One Direction. One Bold Future.

၂၀၂၆ ခုနှစ်၊ ဧပြီလ (၄)ရက်နေ့ နှင့် ဧပြီလ (၅)ရက်‌နေ့တွင် KBZMS Management Team အဖွဲ့ ဝင်များမှ နေ့စဉ်လုပ်ငန်းဆောင်တာကိစ္စရပ်များမှ ခဏအနားယူကာ ငွေဆောင်ကမ်းခြေတွင် ပြုလုပ်သည့် Management Offsite Meetingတွင် အဖွဲ့တစ်ခုအဖြစ် စုစည်းခဲ့ကြပါသည်။

CEO မှ ၅နှစ်အတွင်းရည်မှန်းချက်များကိုမျှဝေခဲ့ပြီး ရှေ့ဆက်မည့်လုပ်ငန်းဆောင်တာများအတွက် တိကျသောဦးတည်ချက်နှင့် တူညီသောရည်ရွယ်ချက်တို့ကို အတူတကွပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် သတ်မှတ်ခဲ့ကြပါသည်။

ဤ offsite သည် strategy တစ်ခုမဟုတ်ဘဲ တစ်ဦးနှင့်တစ်ဦးနားလည်မှုကို တည်ဆောက်ခဲ့ကြခြင်းဖြစ်ပါသည်။

Brainstorming ဆွေးနွေးမှုများ၊ အပြန်အလှန်ဆက်သွယ်မှုများနှင့် team challenges များမှတဆင့် တစ်ဦးနှင့်တစ်ဦးအဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်ရာတွင် အမှန်တကယ် လုပ်ဆောင်နိုင်ရန် လိုအပ်သည်မှာ မည်သည့်အရာဖြစ်သည်ကို လေးနက်စွာသင်ယူခဲ့ကြရပါသည်။

နှစ်ရက်တာကာလအတွင်းတွင် ရယ်မောပျော်ရွှင်ဖွယ်ရာအခိုက်အတန့်များနှင့်အတူ စိန်ခေါ်မှုအခက်အခဲများကိုလည်းကြုံခဲ့ရပြီး ထိုအခိုက်အတန့်များကပင် အရေးကြီးသည့် ပြောင်းလဲမှုများကို ရရှိခဲ့ပါသည်။

ရာထူးနှင့်အဆင့်အတန်းများကိုကျော်လွန်ကာ တူညီသောရည်ရွယ်ချက်ရှိကြသူများအဖြစ် ပူးပေါင်းဆောင်ရွက်မှုများလုပ်ခြင်းအားဖြင့် ကုမ္ပဏီ၏တိုးတက်မှုအတွက်သာမက မိမိတို့၏ကိုယ်ပိုင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့်ဘဝများတွင်ပါ တိုးတက်ရန်အထောက်အကူပြုကြောင်းကိုလည်း သိရှိခဲ့ရပါသည်။

နှစ်ရက်တာအတွင်းလုပ်ဆောင်ချက်များမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု၊ ယုံကြည်ချက်ရှိမှုတို့ကို ပိုမိုတိုးတက်လာအောင် ပံ့ပိုးကူညီပေးသည့် Training Partner, Coaching Firm ကိုလည်းကျေးဇူးအထူးတင်ရှိပါသည်။

ယခုကဲ့သို့လုပ်ဆောင်ချက်များသည် ကောင်းမွန်သောပြောင်းလဲခြင်းများအတွက် စတင်သည့်အရွေ့တစ်ခုပင်ဖြစ်ပါသည်။

From Reflection to Readiness

KBZMS General Insurance သည် ActionAid Myanmar၊ CIAT Myanmar နှင့် British Chamber of Commerce Myanmar တို့အတူ ပူးပေါင်း၍ ၂၀၂၅ ခုနှစ် မန္တလေးငလျင် လှုပ်ခတ်ခဲ့သည့် တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် “ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆွေးနွေးပွဲနှင့် ကြိုတင်ပြင်ဆင်မှုပြပွဲ” ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင်Wyndham Grand Yangon ဟိုတယ်၌ ကျင်းပခဲ့ပါသည်။

ဤအခမ်းအနားသည် အောက်မေ့သတိရခြင်းအခမ်းအနားတစ်ခုမဟုတ်ဘဲ သင်ယူခြင်း၊ တိုးတက်အောင် ပြုလုပ်ခြင်းနှင့် လက်တွေ့အရေးယူဆောင်ရွက်ခြင်းများအတွက် အတူပူးပေါင်း၍ ဆွေးနွေးကြခြင်းဖြစ်ပါသည်။

InterRisk Asia Thailand နှင့် ပူးပေါင်း၍ အဖွဲ့အစည်းအတွင်း စွမ်းဆောင်ရည်များကို မြှင့်တင်ခြင်းနှင့် ယခုမေလတွင် Myanmar Green Building Society မှ စီစဉ်ပြီး Myanmar Earthquake Committee နှင့် ပူးပေါင်းကာ မြေငလျင်ဒဏ်ခံနိုင်သော အဆောက်အဦဒီဇိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များမှ သင်ကြားပို့ချပေးမည့် Integrated Earthquake Resilient Building Design သင်တန်းကို ထောက်ပံ့ပေးခြင်းတို့မှတဆင့် အန္တရာယ်နားလည်မှုနှင့် ကြိုတင်ပြင်ဆင်မှုပိုင်းများတွင် ဦးဆောင်ရန် KBZMS သည် အစဉ်တစိုက် ကတိကဝတ်ပြုလျက်ရှိပါသည်။

KBZMS အပေါ်တွင်ယုံကြည်စွာလက်တွဲထားသော Customer များအပေါ်တွင်လည်း တာဝန်ယူမှုကို ဆက်လက်ထိန်းသိမ်းထားပြီး ငလျင်နှင့်ပတ်သက်သည့် Claim များကို တစ်နှစ်အတွင်း ၉၉ရာခိုင်နှုန်းအထိ အာမခံလျော်ကြေးပေးဆောင်နိုင်ခဲ့ပါသည်။

ကြိုတင်ပြင်ဆင်မှုသည် ရွေးချယ်စရာ မဟုတ်ဘဲ ခိုင်မာမှုသည် အားလုံးအတူပူးပေါင်းတည်ဆောက်ရမည့်အရာဖြစ်ပါသည်။ ပြန်လည်သုံးသပ်မှုမှတစ်ဆင့် ကြိုတင်ပြင်ပြင်ဆင်မှုများဆီသို့ ခြေလှမ်းစတင်ကြပြီး ပူးပေါင်းမှုများမှတစ်ဆင့် ခိုင်မာမှုများနှင့်ခံနိုင်ရည်ရှိသော မြန်မာနိုင်ငံကို တည်ဆောက်ကြရအောင်

2026 KBZ Community 10-Mile Run

2026 KBZ Community 10-mile Run ပွဲကြီးတွင် KBZMS General Insurance မှ Silver Sponsor အဖြစ် ပါဝင်ခဲ့ပါသည်။

ယခုနှစ် 10-mile Run ပွဲကြီးတွင် လူပေါင်း (၃,၀၀၀) ကျော် ပါဝင်ခဲ့ကြပြီး ကျန်းမာရေးကို ဦးစားပေးသည့်အနေဖြင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြသည်ကို မြင်တွေ့ရသည်မှာ အလွန်အားတက်ဖွယ်ကောင်းလှပါသည်။

KBZMS ဝန်ထမ်းများ၏ တက်ကြွစွာ ပါဝင်မှုနှင့်အတူ ပြိုင်ပွဲဝင်ကစားသမား တစ်ဦးချင်းစီ၏ ကြိုးစားအားထုတ်မှုများသည် ဤပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရန် အရေးကြီးသော အစိတ်အပိုင်းများ ဖြစ်ခဲ့ပါသည်။ ထို့ကြောင့် ပါဝင်ပေးခဲ့ကြသူအားလုံးအား ကျေးဇူးအထူးတင်ရှိပါသည်။

KBZMS General Insurance အနေဖြင့် ယခုကဲ့သို့သော လူမှုအသိုင်းအဝိုင်းအတွက် အကျိုးရှိစေသော လှုပ်ရှားမှုများတွင် ဆက်လက်ပါဝင်သွားမည်ဖြစ်ပြီး ကျန်းမာရေးကောင်းမွန်သော လူမှုဘဝတစ်ခုကို တည်ဆောက်ရန် အမြဲတမ်း ထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။

KBZMS Blood Donation Initiative

သွေးလှူဒါန်းခြင်းသည် မွန်မြတ်တဲ့ဒါနကုသိုလ်တစ်ခုပင်ဖြစ်ပါသည်။
မိမိတို့၏သွေးမှတစ်ဆင့် လိုအပ်သောသူများအတွက် သွေးလှူဒါန်းခြင်းသည် တစ်ပါးသူအတွက် အဖိုးဖြတ်မရသည့် လက်ဆောင်တစ်ခုဖြစ်သလို လူ့အသက်တစ်ချောင်းအတွက်လည်း အထောက်အကူပြုသည့် ပံ့ပိုးမှုတစ်ခုပင်ဖြစ်ပါသည်။
KBZMS သည်မိမိတို့လက်ကိုင်ထားသည့် စံတန်ဖိုးများဖြစ်သည့်“မေတ္တာ၊သတ္တိ၊ ဝီရိယ” ထဲမှ မေတ္တာနှင့်အညီ KBZMS ဝန်ထမ်းများမှ သက်ဆိုင်ရာမြို့နယ်များရှိ သွေးလှူဘဏ်များတွင် လှူဒါန်းခဲ့သည်မှာ ယခုတွင် (၄) ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ပါသည်။

ယခုနှစ်တွင် KBZMS General Insurance မှရုံးချုပ်ရှိဝန်ထမ်းများနှင့် ရုံးခွဲများဖြစ်သည့် မြောက်ဥက္ကလာ၊ ဟင်္သာတ၊ လားရှိုး၊မော်လမြိုင်၊မုံရွာ၊ မြင်းခြံ၊ နေပြည်တော်၊ ပခုက္ကူ၊ တောင်ကြီး ရှိဝန်ထမ်းပေါင်း (၆၃) ဦးမှ ပါဝင်လှူဒါန်းခဲ့ကြပါသည်။

လူမှုအသိုင်းအဝိုင်းအတွက် ကောင်းမွန်မြင့်မြတ်သည့် အကျိုးပြုမှုများပြုလုပ်ခြင်းသည် မင်္ဂလာရှိသည့်အပြင် ကြည်နူးပီတိဖြစ်ရသည့်အတွက် ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီတိုင်း၏ မေတ္တာ၊စေတနာများစွာအတွက် ဂုဏ်ယူဝမ်းသာပီတိဖြစ်ရပါသည်။

Mandalay Phoenix Gathering Tea Talk

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့တွင်  KBZMS မှ ဦးစီးပြီး မန္တလေးမြို့ခံစီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့်အတူ ပြင်းထန်ငလျင်ဖြစ်ပွားခဲ့သည့်အတွေ့အကြုံများအားမျှဝေဖလှယ်ပြီး နောင်လာမည့်အနာဂတ်တွင် ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်ရန် “ရှင်သန်နိုးထလာသော မန္တလေး” လက်ဖက်ရည်စကားဝိုင်း အားကျင်းပပြုလုပ်ခဲ့ကြပါတယ်။

KBZMS အနေဖြင့် ပြီးခဲ့သည့် (၈) လအတွင်း အာမခံဝန်ဆောင်ရယူထားသည့် Customer များသည်  အာမခံလျော်ကြေးငွေဖြင့် ပြန်လည်ထူထောင်မှုများကို လျှင်မြန်စွာလုပ်ဆောင်နိုင်ရန်အတွက် ကြိုးစားအားထုတ်မှုများစွာဖြင့် ဦးစားပေးလုပ်ဆောင်ခဲ့ကြပြီး ယခုအခါတွင် Claim Case (၈၂၉) ခုတွင် စုစုပေါင်း ၈၅ ရာခိုင်နှုန်းအထိ ပြီးစီးဆောင်ရွက်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

ထို့အပြင်  KBZ Center Mandalay ၏ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင်လည်း အတူလက်တွဲပြီးပါဝင်ဆောင်ရွက်လျက်ရှိခဲ့ပါတယ်။

KBZMS သည် အားလုံးအမြဲအတူရှိနေမယ်ဆိုတဲ့ ကတိကဝတ်အတိုင်း ဘဝလုံခြုံမှုရှိရုံသာမက၊ စိတ်လုံခြုံမှုရှိပြီး ခွန်အားများစွာနှင့်ရှေ့ဆက်နိုင်ရန်အတွက် နိုဝင်ဘာလ (၁၂) ရက်နေ့တွင် မန္တလေးရှိ KBZ Center တွင် တက္ကသိုလ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူပေါင်း (၁၀၀) ကျော်နှင့်အတူ “ ရှင်သန်နိုးထလာသော မန္တလေးမှလူငယ်များ” တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

ယခုအခါတွင်ဒုတိယပွဲအနေဖြင့် ဆရာဆူးငှက်၏ စာပေအသိပညာ၊ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့အတူ မိမိတို့ရဲ့ ပြန်လည်ထူထောင်နိုင်စွမ်းကို မမေ့မလျော့ဘဲ စိတ်ခွန်အားတွေ ပြန်လည်နိုးထလာစေရန်အတွက်  “ရှင်သန်နိုးထလာသော မန္တလေး” လက်ဖက်ရည်စကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

ယခုကဲ့သို့ပွဲများကိုကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်ကတော့ ကျေးဇူးတရားပွားများ‌နိုင်‌စေရန်နှင့် ခွန်အားများစွာနှင့်အတူ ပြန်လည်ထူထောင်နိုင်မှုများပြုလုပ်နိုင်ရန်အတွက်ဖြစ်ပြီး ဘဝလုံခြုံမှု၊ စိတ်လုံခြုံမှုရရှိစေရန်အတွက် ဖြစ်ပါတယ်။

“ရှင်သန်နိုးထလာသော မန္တလေး” လက်ဖက်ရည်စကားဝိုင်း မှာလည်း တစ်ဦးနှင့်တစ်ဦးနှင့်ရင်းနှီးမှုများတည်ဆောက်ကြပြီး အတွေးအမြင်များစွာဖလှယ်ခွင့်ရတဲ့အတွက် KBZMS မှများစွာဝမ်းသာပီတိဖြစ်ရပါတယ်။

အောင်မြင်စွာပြီးမြောက်ခဲ့တဲ့ပုံရိပ်များကိုလည်း ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

Earthquake Risk Management & Business Continuity in Myanmar Seminar

Earthquake Risk Management & Business Continuity in Myanmar Seminar

၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့တွင် KBZMS General Insurance နှင့် InterRisk Asia (Thailand) တို့ပူးပေါင်းကာ “Earthquake Risk Management & Business Continuity in Myanmar Seminar” အား Chatrium ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ယခုပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍမှတာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် နိုင်ငံတကာကျွမ်းကျင်ပညာရှင်များ ပူးပေါင်းကာ မြန်မာနိုင်ငံ၏ ဘေးအန္တရာယ်ဖြစ်ပွားနိုင်ချေများအတွက် တိကျသော ပြင်ဆင်မှုများကို ပြုလုပ်နိုင်ရန်အတွက်ဖြစ်ပါသည်။
မနက်ပိုင်းတွင် နိုင်ငံတကာနှင့် ပြည်တွင်းစီးပွားရေးအဖွဲ့အစည်းများ ပါဝင်ခဲ့ပြီး နေ့လယ်ပိုင်းတွင် ဂျပန်နိုင်ငံစီးပွားရေးအဖွဲ့ဝင်များက ငလျင်အန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ မြန်မာ–ဂျပန် ပူးပေါင်း ဆောင်ရွက်မှုများအကြောင်းကို ဆွေးနွေးခဲ့ကြသည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဘဏ္ဍာရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်မှ သဘာဝဘေးအန္တရာယ်အတွက် နိုင်ငံတော်အဆင့် ပြင်ဆင်ထားရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပြီး
“ Collaborating for Continuity: Lessons from the Mandalay Earthquake” ခေါင်းစဉ်ဖြင့် ActionAid International ၏ Country Director၊ FIN Myanmar ဥက္ကဋ္ဌ၊ Myanmar-Bangladesh Chamber of Commerce ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ မစ္စတာ Shihab Uddin Ahamad မှဦးဆောင်ဆွေးနွေးခဲ့ပြီး KBZMS ၏ CEOဦးလူမွန်အောင်၊ STATEMENT Architecture + Design ၏ တည်ထောင်သူ Myanmar Green Building Society ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါ်ချောကလျာနှင့် ActionAid International ၏ Partnership and Program ၏ ဦးဆောင်သူ Mr.Lafir Mohammad တို့က ဆွေးနွေးမှုများပြုလုပ်ကြခဲ့ပါသည်။
KBZMS ၏အောင်မြင်စွာကျင်းပပြီးစီးခဲ့သော ယနေ့ဆွေးနွေးပွဲ၏ ပုံရိပ်များအား မှတ်တမ်းအနေဖြင့် ပြန်လည်မျှဝေပေးလိုက်ရပါသည်။

Celebrating International Men’s Day at KBZMS

အမျိုးသားတွေအနေနဲ့ ဖခင်၊ ဦးလေး၊ သူငယ်ချင်း၊ အကို၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်၊ ဆရာစသည်ဖြင့် နေရာကဏ္ဍမျိုးစုံမှာကိုယ်စီတာဝန်တွေကိုထမ်းဆောင်နေကြရပါတယ်။

အမျိုးသားတွေမှာလည်း ရှင်သန်ရတဲ့နေ့စွဲတွေမှာ ရှင်သန်နေထိုင်မှုတွေအလိုက် ကြုံရတဲ့အခက်အခဲတွေ၊ တာဝန်တွေ၊ မဖော်ပြနိုင်တဲ့ခံစားချက်တွေ၊ စိတ်မလုံခြုံမှုတွေ များစွာရှိပါတယ်။

သန်မာရမယ်၊မခံစားရဘူး၊မငိုကြွေးရဘူး၊ တာဝန်တွေရှိတယ်ဆိုတဲ့သတ်မှတ်ခေါင်းစဉ်တွေအောက်မှာ ခံစားချက်တွေကိုလျစ်လျူရှုပြီး ဖုံးကွယ်ထားဖို့မလိုအပ်ပါဘူး။

မိသားစု၊ လုပ်ငန်းခွင်၊ လူမှုအသိုင်းအဝိုင်းမှာ အမျိုးသားဖြစ်စေ၊အမျိုးသမီးဖြစ်စေ တန်းတူအခွင့်အရေးနဲ့ထိုက်တန်ပြီး ပံ့ပိုးကူညီမှု၊ ချစ်ခြင်းမေတ္တာတရားရရှိမှု၊ နွေးထွေးမှု၊ အပြန်အလှန်လေးစားမှု၊ စိတ်ရောကိုယ်ပါကျန်းမာရေးကိုအလေးပေးမှု အားလုံးကို ရရှိဖို့လိုအပ်ပါတယ်။

KBZMSအနေနဲ့ လုပ်ငန်းခွင်အတွင်းသာမက ပြင်ပနေထိုင်မှုတွေမှာပါ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ရဲရင့်သန်မာမှု၊ ကာကွယ်မှု အပြည့်နဲ့ ဂုဏ်ယူစွာဆောင်ရွက်နေကြတဲ့ အမျိုးသားများအားလုံးကို အသိအမှတ်ပြုဂုဏ်ပြုပါတယ်။

KBZMS မှ နိုဝင်ဘာလ (၁၉) ရက်နေ့တွင်ကျရောက်ခဲ့တဲ့ “International Men’s Day” ကို ဂုဏ်ပြုသောအားဖြင့် နိုဝင်ဘာလ (၂၁)ရက်နေ့တွင် Customer Service Area မှာ “International Men’s Day” ကို ကျင်းပပေးခဲ့ပြီး အမှတ်တရလက်ဆောင်တွေကို ပေးအပ်ခဲ့ပါတယ်။

“International Men’s Day” ကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြတဲ့ ပုံရိပ်တွေကိုလည်း အမှတ်တရအဖြစ် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

KBZMS Hosts “Mandalay Phoenix” Event

KBZMS Hosts “Mandalay Phoenix” Event

KBZMS မှ ကျောင်းသားအရွယ် လူငယ်မောင်မယ်များရဲ့ ဘဝအတွက် အရေးပါသော စိတ်လုံခြုံမှုကိုရည်ရွယ်ပြီး ဦးဆောင်ကျင်းပခဲ့တဲ့ “ရှင်သန်နိုးထလာသော မန္တလေးမှ လူငယ်များ” တွေ့ဆုံပွဲလေးကို KBZ Center Mandalay မှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ 👏👏👏
တွေ့ဆုံပွဲလေးရဲ့ အနှစ်သာရကို ပေါ်လွင်အောင် အသိပညာ၊ စာပေဗဟုသုတများဖြင့် မျှဝေပေးခဲ့တဲ့ ဆရာ ဆူးငှက် ကို ကျေးဇူးဂါရဝပြုကြောင်း ထပ်မံ မှတ်တမ်းတင်ရှိပါတယ်။
ထို့အတူ လူငယ်မောင်မယ်များရဲ့ Inner-Balance နဲ့ Well-Being ကဲ့သို့ အကြောင်းအရာများကို လူငယ်တွေ နားလည် သဘောပေါက်လွယ်စေရန် စနစ်တကျ စီစဉ် ဝေမျှပေးခဲ့တဲ့ Yangon School Social Work (YSSW) မှ ဆရာဦးကျော်စစ်နိုင်နဲ့ အဖွဲ့သားများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။
တွေ့ဆုံပွဲလေးရဲ့ အစီအစဉ်တစ်ခုချင်းစီတိုင်းမှာ စိတ်ပါဝင်စားစွာနဲ့ တက်တက်ကြွကြွပါဝင်ပေးခဲ့ကြတဲ့ မန္တလေးမြို့က လူငယ်မောင်မယ်များအားလုံးကိုလည်း အသိအမှတ်ပြု၊ မှတ်တမ်းတင်အပ်ပါတယ်။
လူငယ်တွေအနေနဲ့ တွေဆုံပွဲကတဆင့် ကိုယ့်ရဲ့ စိတ်မလုံခြုံမှုတွေ၊ ကိုယ့်ကိုကိုယ် အပြစ်တင်အားငယ်နေမိတဲ့အပိုင်းတွေကို သေချာသိမြင်ကာ လျော့ကျ၊ ပျောက်ကင်းသွားပြီး စိတ် လုံခြုံမှုအပြည့်နဲ့ ဘဝလုံခြုံမှုဆီ ဦးတည်လျှောက်လှမ်းနိုင်ကြရန်လည်း မျှော်လင့်မိပါတယ်။
ဒီနေ့တွေ့ဆုံပွဲလေးဖြစ်မြောက်အောင် နေရာတစ်ခုအဖြစ်ရှိပေးတဲ့ KBZ Center Mandalay ကိုလည်းကျေးဇူးတင်ပါတယ်
“ရှင်သန်နိုးထလာသော မန္တလေးမှ လူငယ်များ” တွေ့ဆုံပွဲကို ကိုယ်တိုင်ကိုယ်ကျတက်ရောက်ခဲ့တဲ့ သူများအနေဖြင့်လည်း ကိုယ်တွေ့ အတွေ့အကြုံလေးတွေကို Comment ထဲမှာ မျှဝေပေးဖို့ ဖိတ်ခေါ်ပါရစေ။

“ Elite Circle 2025: Where Inspiration Meets Achievement”

၂၀၂၄ အောက်တိုဘာလမှ ၂၀၂၅ခု စက်တင်ဘာလအထိ (၁)နှစ်တာကာလအတွင်း သက်မှတ်စံနှုန်းများကို သာလွန်ခဲ့ကြသည့် ရွှေလက်တွဲကိုယ်စားလှယ်ကြီးများအား KBZMS မှ အောက်တိုဘာလ (၂၄) ရက်နေ့ တွင် Eravati Sule Grand Yangon Hotel ၌ “KBZMS Elite Circle” ဂုဏ်ပြုပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
ပထမဦးစွာ KBZMS ၏ Chief Executive Officer ဦးစိုင်းလူမွန်အောင်မှ မိတ်ဆက်အမှာစကား နှင့် စွမ်းဆောင်ရည်မြင့်မားသည့် ကိုယ်စားလှယ်များအား ဂုဏ်ပြုကျေးဇူးတင်ရှိကြောင်း၊ လာမည့်နှစ်များတွင်လည်း ကိုယ်စားလှယ်တော်ကြီးများနှင့်အတူ အားသွန်ခွန်စိုက်လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး CEO U Sai Lu Mon Aung ၊ CFO Daw May Su Hlaing ၊ CMO Daw Yu Wai Maung ၊ DYCDO Daw Phyo May Win ၊ Head of Retail Partners U Myo Min Thant ၊ Head of Independent Agency Daw Yin Thu Lwin တို့မှ ၂၀၂၄ အောက်တိုဘာလမှ ၂၀၂၅ စက်တင်ဘာလအထိ (၁)နှစ်တာကာလအတွင်း စွမ်းဆောင်ရည် မြင့်မားသော ရွှေလက်တွဲ ကိုယ်စားလှယ်တော်ကြီးများအား ဂုဏ်ပြုဆုချီးမြှင့် ပေးအပ်သည့် အပြင် July, August, Sep အတွင်း Renewal Retention ထိန်းသိမ်းနိုင်မှု အကောင်းဆုံး ကိုယ်စားလှယ်တော်ကြီးများအား Ultimate Defender Award၊ Renewal Retention ထိန်းသိမ်းနိုင်မှု အကောင်းဆုံး ရုံးခွဲများအား Golden Retention Award အစရှိသော ဆုလက်ဆောင်များအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ထို့နောက် KBZMS မှ အစပြုခဲ့သောကိုယ်စားလှယ်တော်ကြီးများရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် “ Agent Health and Wellness Program” ကို ထည့်သွင်းကျင်းပခဲ့ကာ ထိပ်တန်း ကိုယ်စားလှယ်တော်ကြီးများအား အာရောဂျံ ကျန်းမာရေး အာမခံအကာအကွယ် လက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ပါသည်။
Head of Retail Partners ဦးမျိုးမင်းသန့်မှ ဂုဏ်ပြုမိန့်ခွန်း နှင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းဆောင်တာများကို ပြောကြားခဲ့ပြီးနောက် ကိုယ်စားလှယ်တော်ကြီးများမှ အက အလှများဖြင့် မြူးမြူးကြွကြွ ဖျော်ဖြေမှုများစွာနှင့်အတူ “ Elite Circle” အခမ်းအနားအား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။

Rising Together Bancassurance Annual Appreciation Dinner by KBZMS & KBZ

သြဂုတ်လ (၂၁) ရက်နေ့၊ ရန်ကုန်မြို့ WYNDHAM GRAND YANGON Hotelတွင် KBZMS နှင့် KBZ ဘဏ်တို့၏ ဂုဏ်ပြုညစာစားပွဲအား ကျင်းပပြုလုပ်ခဲ့ပြီး နှစ်ဖက်သောကုမ္ပဏီ၏ တာဝန်ရှိသူများမှ တက်ရောက်ခဲ့ပါသည်။

Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.
Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.