Agent Power Up Contest

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ မှ မတ်လ (Financial Year Quarter 4) အတွင်း ရောင်းအားရလဒ်အရ စွမ်းဆောင်ရည်အမြင့်မားဆုံး နှင့် ရောင်းအားအမြင့်မားဆုံးကိုယ်စားလှယ်တော်များအား ဆုချီးမြှင့်သည့် Power Up Contest ဆုပေးပွဲအခမ်းအနားကို ရန်ကုန်မြို့၊ ပြည်ထောင်စုရိပ်သာလမ်းရှိ The Brunch Society တွင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့၌ ကျင်းပခဲ့ပါသည်။
KBZMS Bancassurance Channel Staff Award Ceremony and Banca Day Celebration Dinner

၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်၊ သောကြာနေ့တွင် KBZMS ရှိ Banca ဝန်ထမ်းများအား အထူးဂုဏ်ပြုညစာစားပွဲကို ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်ရှိ Royal Green River Cruise ၌ ကျင်းပပြုလုပ်ခဲ့ပြီး အာမခံအရောင်းချနိုင်ဆုံး (Highest Sales) ကြယ်ပွင့်သုံးဦးအား Quarterly Bright Insurance Star (BIS) ဆုများ နှင့် Final Sprint Highest Premium Award ဆုများ အသီးသီး ချီးမြှင့်ပေးခဲ့ပါသည်။