2026 KBZ Community 10-mile Run ပွဲကြီးတွင် KBZMS General Insurance မှ Silver Sponsor အဖြစ် ပါဝင်ခဲ့ပါသည်။
ယခုနှစ် 10-mile Run ပွဲကြီးတွင် လူပေါင်း (၃,၀၀၀) ကျော် ပါဝင်ခဲ့ကြပြီး ကျန်းမာရေးကို ဦးစားပေးသည့်အနေဖြင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြသည်ကို မြင်တွေ့ရသည်မှာ အလွန်အားတက်ဖွယ်ကောင်းလှပါသည်။
KBZMS ဝန်ထမ်းများ၏ တက်ကြွစွာ ပါဝင်မှုနှင့်အတူ ပြိုင်ပွဲဝင်ကစားသမား တစ်ဦးချင်းစီ၏ ကြိုးစားအားထုတ်မှုများသည် ဤပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရန် အရေးကြီးသော အစိတ်အပိုင်းများ ဖြစ်ခဲ့ပါသည်။ ထို့ကြောင့် ပါဝင်ပေးခဲ့ကြသူအားလုံးအား ကျေးဇူးအထူးတင်ရှိပါသည်။
KBZMS General Insurance အနေဖြင့် ယခုကဲ့သို့သော လူမှုအသိုင်းအဝိုင်းအတွက် အကျိုးရှိစေသော လှုပ်ရှားမှုများတွင် ဆက်လက်ပါဝင်သွားမည်ဖြစ်ပြီး ကျန်းမာရေးကောင်းမွန်သော လူမှုဘဝတစ်ခုကို တည်ဆောက်ရန် အမြဲတမ်း ထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။