၂၀၂၄ အောက်တိုဘာလမှ ၂၀၂၅ခု စက်တင်ဘာလအထိ (၁)နှစ်တာကာလအတွင်း သက်မှတ်စံနှုန်းများကို သာလွန်ခဲ့ကြသည့် ရွှေလက်တွဲကိုယ်စားလှယ်ကြီးများအား KBZMS မှ အောက်တိုဘာလ (၂၄) ရက်နေ့ တွင် Eravati Sule Grand Yangon Hotel ၌ “KBZMS Elite Circle” ဂုဏ်ပြုပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ KBZMS ၏ Chief Executive Officer ဦးစိုင်းလူမွန်အောင်မှ မိတ်ဆက်အမှာစကား နှင့် စွမ်းဆောင်ရည်မြင့်မားသည့် ကိုယ်စားလှယ်များအား ဂုဏ်ပြုကျေးဇူးတင်ရှိကြောင်း၊ လာမည့်နှစ်များတွင်လည်း ကိုယ်စားလှယ်တော်ကြီးများနှင့်အတူ အားသွန်ခွန်စိုက်လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး CEO U Sai Lu Mon Aung ၊ CFO Daw May Su Hlaing ၊ CMO Daw Yu Wai Maung ၊ DYCDO Daw Phyo May Win ၊ Head of Retail Partners U Myo Min Thant ၊ Head of Independent Agency Daw Yin Thu Lwin တို့မှ ၂၀၂၄ အောက်တိုဘာလမှ ၂၀၂၅ စက်တင်ဘာလအထိ (၁)နှစ်တာကာလအတွင်း စွမ်းဆောင်ရည် မြင့်မားသော ရွှေလက်တွဲ ကိုယ်စားလှယ်တော်ကြီးများအား ဂုဏ်ပြုဆုချီးမြှင့် ပေးအပ်သည့် အပြင် July, August, Sep အတွင်း Renewal Retention ထိန်းသိမ်းနိုင်မှု အကောင်းဆုံး ကိုယ်စားလှယ်တော်များအား Ultimate Defender Award၊ Renewal Retention ထိန်းသိမ်းနိုင်မှု အကောင်းဆုံး ရုံးခွဲများအား Golden Retention Award အစရှိသော ဆုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် KBZMS မှ အစပြုခဲ့သောကိုယ်စားလှယ်တော်ကြီးများရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် “ Agent Health and Wellness Program” ကို ထည့်သွင်းကျင်းပခဲ့ကာ ထိပ်တန်း ကိုယ်စားလှယ်တော်ကြီးများအား အာရောဂျံ ကျန်းမာရေး အာမခံအကာအကွယ် လက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ပါသည်။ Head of Retail Partners ဦးမျိုးမင်းသန့်မှ ဂုဏ်ပြုမိန့်ခွန်း နှင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းဆောင်တာများကို ပြောကြားခဲ့ပြီးနောက် ကိုယ်စားလှယ်တော်ကြီးများမှ အက အလှများဖြင့် မြူးမြူးကြွကြွ ဖျော်ဖြေမှုများစွာနှင့်အတူ “ Elite Circle” အခမ်းအနားအား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။