KBZMS All Hands Meeting was held on 2026

မေတ္တာနှင့်လျှောက်လှမ်း ယုံကြည်မှုနှင့်ဖြတ်သန်း (၁၃)နှစ်တာသက်တမ်း

KBZMS General Insurance ၏ တတိယအကြိမ်မြောက် All-Hands Meeting ကို ၂၀၂၆ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့၊ Wyndham Grand Hotel တွင်အောင်မြင်စွာကျင်းပခဲ့ပြီဖြစ်ပါသည်။

ဝန်ထမ်းများအားလုံးပျော်ရွှင်တက်ကြွစွာဖြင့် All-Hands Meeting ကိုဆင်နွှဲနိုင်ရန်အတွက် Warm Up – One Team Activation လှုပ်ရှားမှုဖြင့်စတင်ခဲ့ပြီး KBZMS CEO ဦးစိုင်းလူမွန်အောင်မှ စိန်ခေါ်မှုများမှ အောင်မြင်မှုများစွာရရှိခဲ့သည်ကို ချီးကျူးဂုဏ်ပြုအသိအမှတ်ပြုခြင်းနှင့်အတူ ရှေ့ဆက်သောခရီးစဉ်များအတွက် ONE Team, ONE Direction, ONE Bold Future ဖြင့်အတူကြိုးစားမည်ဖြစ်ကြောင်းကိုပြောကြားခဲ့ပါသည်။

ဦးရွှေလမင်း(Retail Partners Channel)၊ ဒေါ်ချောစုစုအောင်(Underwriting)၊ ဦးကျော်ဇင်ဟန် (Customer Experience & Marketing)၊ ဒေါ်ထိုက်ထိုက်စံ (Finance)၊ ဒေါ်ဇင်ဝါဝါကျော်(Corporate Direct Channel) တို့မှလည်း KBZMS ၏ အောင်မြင်မှုရည်ရွယ်ချက်ဆီသို့သွားရာတွင် ONE Team Direction ဖြင့်အတူတူပူးပေါင်းဆောင်ရွက်ပြီး ကြိုးစားသွားကြမည်ဖြစ်ကြောင်းကို မျှဝေခြင်းများနှင့်အတူ ပြောကြားခဲ့ပါသည်။

ဆက်လက်၍ လုပ်သက် (၁၀)နှစ် နှင့် (၅)နှစ် ပြည့်ဝန်ထမ်းများအား Long Standing Appreciation Award ဖြင့် ကြိုးစားပြီးအတူရှိခဲ့သည့်အတွက် Appreciation Awards များချီးမြှင့်ခြင်း၊ ဝန်ထမ်းများအား Dinner ဧည့်ခံကျွေးမွေးခြင်း၊ (၁၃)နှစ်ပြည့်တာကာလအတွက် ကိတ်ခွဲခြင်းခြင်းနှင့်အတူ တစ်ခြားသော ပျော်ရွှင်ဖွယ်ရာ Activities များစွာကို အတူဆင်နွှဲခဲ့ကြပါသည်။

All-Hands Meeting 2026 အခမ်းအနားကြီးအောင်မြင်စွာပြီးမြောက်အောင် အဖက်ဖက်မှ ကူညီပံ့ပိုးပေးခဲ့ကြသည့် တစ်ဦးတစ်ယောက်ချင်းစီနှင့်အတူ တက်ရောက်ပေးခဲ့ကြသည့် ရုံးချုပ်နှင့် ရုံးခွဲများများမှ ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီတိုင်းအား ကျေးဇူးအထူးတင်ရှိရပါသည်။

12 June 2026   |

သတင်းအချက်အလက်များ

 

ကျွန်ုပ်တို့ KBZMS အာမခံကုမ္ပဏီ၏ အဓိက စံတန်ဖိုးများဖြစ်သည့် မေတ္တာ၊ သတ္တိ နှင့် ဝီရိယ တို့ကို ဖော်ကြူးသည့် ယဉ်ကျေးမှုများ၊ လူထုဖွံ့ဖြိုးတိုးတက်မှုများ၊ ကုမ္ပဏီအဖွဲ့အစည်းပွဲများကို တွေ့မြင်နိုင်မှာဖြစ်ပါသည်။

MDY15
06 Dec 2025
Mandalay Phoenix Gathering Tea Talk
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့တွင်  KBZMS မှ ဦးစီးပြီး မန္တလေးမြို့ခံစီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့်အတူ ပြင်းထန်ငလျင်ဖြစ်ပွားခဲ့သည့်အတွေ့အကြုံများအားမျှဝေဖလှယ်ပြီး နောင်လာမည့်အနာဂတ်တွင် ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်ရန် “ရှင်သန်နိုးထလာသော မန္တလေး” လက်ဖက်ရည်စကားဝိုင်း အားကျင်းပပြုလုပ်ခဲ့ကြပါတယ်။ KBZMS အနေဖြင့် ပြီးခဲ့သည့် (၈) လအတွင်း အာမခံဝန်ဆောင်ရယူထားသည့် Customer များသည်  အာမခံလျော်ကြေးငွေဖြင့် ပြန်လည်ထူထောင်မှုများကို လျှင်မြန်စွာလုပ်ဆောင်နိုင်ရန်အတွက် ကြိုးစားအားထုတ်မှုများစွာဖြင့် ဦးစားပေးလုပ်ဆောင်ခဲ့ကြပြီး ယခုအခါတွင် Claim Case (၈၂၉) ခုတွင် စုစုပေါင်း ၈၅ ရာခိုင်နှုန်းအထိ ပြီးစီးဆောင်ရွက်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ထို့အပြင်  KBZ Center Mandalay ၏ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင်လည်း အတူလက်တွဲပြီးပါဝင်ဆောင်ရွက်လျက်ရှိခဲ့ပါတယ်။ KBZMS သည် အားလုံးအမြဲအတူရှိနေမယ်ဆိုတဲ့ ကတိကဝတ်အတိုင်း ဘဝလုံခြုံမှုရှိရုံသာမက၊ စိတ်လုံခြုံမှုရှိပြီး ခွန်အားများစွာနှင့်ရှေ့ဆက်နိုင်ရန်အတွက် နိုဝင်ဘာလ (၁၂) ရက်နေ့တွင် မန္တလေးရှိ KBZ Center တွင် တက္ကသိုလ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူပေါင်း (၁၀၀) ကျော်နှင့်အတူ “ ရှင်သန်နိုးထလာသော မန္တလေးမှလူငယ်များ” တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ယခုအခါတွင်ဒုတိယပွဲအနေဖြင့် ဆရာဆူးငှက်၏ စာပေအသိပညာ၊ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့အတူ မိမိတို့ရဲ့ ပြန်လည်ထူထောင်နိုင်စွမ်းကို မမေ့မလျော့ဘဲ စိတ်ခွန်အားတွေ ပြန်လည်နိုးထလာစေရန်အတွက်  “ရှင်သန်နိုးထလာသော မန္တလေး” လက်ဖက်ရည်စကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ယခုကဲ့သို့ပွဲများကိုကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်ကတော့ ကျေးဇူးတရားပွားများ‌နိုင်‌စေရန်နှင့် ခွန်အားများစွာနှင့်အတူ ပြန်လည်ထူထောင်နိုင်မှုများပြုလုပ်နိုင်ရန်အတွက်ဖြစ်ပြီး ဘဝလုံခြုံမှု၊ စိတ်လုံခြုံမှုရရှိစေရန်အတွက် ဖြစ်ပါတယ်။ “ရှင်သန်နိုးထလာသော မန္တလေး” လက်ဖက်ရည်စကားဝိုင်း မှာလည်း တစ်ဦးနှင့်တစ်ဦးနှင့်ရင်းနှီးမှုများတည်ဆောက်ကြပြီး အတွေးအမြင်များစွာဖလှယ်ခွင့်ရတဲ့အတွက် KBZMS မှများစွာဝမ်းသာပီတိဖြစ်ရပါတယ်။ အောင်မြင်စွာပြီးမြောက်ခဲ့တဲ့ပုံရိပ်များကိုလည်း ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
Earthquake Risk Management & Business Continuity in Myanmar Seminar
01 Dec 2025
Earthquake Risk Management & Business Continuity in Myanmar Seminar
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့တွင် KBZMS General Insurance နှင့် InterRisk Asia (Thailand) တို့ပူးပေါင်းကာ “Earthquake Risk Management & Business Continuity in Myanmar Seminar” အား Chatrium ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ယခုပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍမှတာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် နိုင်ငံတကာကျွမ်းကျင်ပညာရှင်များ ပူးပေါင်းကာ မြန်မာနိုင်ငံ၏ ဘေးအန္တရာယ်ဖြစ်ပွားနိုင်ချေများအတွက် တိကျသော ပြင်ဆင်မှုများကို ပြုလုပ်နိုင်ရန်အတွက်ဖြစ်ပါသည်။ မနက်ပိုင်းတွင် နိုင်ငံတကာနှင့် ပြည်တွင်းစီးပွားရေးအဖွဲ့အစည်းများ ပါဝင်ခဲ့ပြီး နေ့လယ်ပိုင်းတွင် ဂျပန်နိုင်ငံစီးပွားရေးအဖွဲ့ဝင်များက ငလျင်အန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ မြန်မာ–ဂျပန် ပူးပေါင်း ဆောင်ရွက်မှုများအကြောင်းကို ဆွေးနွေးခဲ့ကြသည်။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဘဏ္ဍာရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်မှ သဘာဝဘေးအန္တရာယ်အတွက် နိုင်ငံတော်အဆင့် ပြင်ဆင်ထားရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပြီး “ Collaborating for Continuity: Lessons from the Mandalay Earthquake” ခေါင်းစဉ်ဖြင့် ActionAid International ၏ Country Director၊ FIN Myanmar ဥက္ကဋ္ဌ၊ Myanmar-Bangladesh Chamber of Commerce ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ မစ္စတာ Shihab Uddin Ahamad မှဦးဆောင်ဆွေးနွေးခဲ့ပြီး KBZMS ၏ CEOဦးလူမွန်အောင်၊ STATEMENT Architecture + Design ၏ တည်ထောင်သူ Myanmar Green Building Society ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါ်ချောကလျာနှင့် ActionAid International ၏ Partnership and Program ၏ ဦးဆောင်သူ Mr.Lafir Mohammad တို့က ဆွေးနွေးမှုများပြုလုပ်ကြခဲ့ပါသည်။ KBZMS ၏အောင်မြင်စွာကျင်းပပြီးစီးခဲ့သော ယနေ့ဆွေးနွေးပွဲ၏ ပုံရိပ်များအား မှတ်တမ်းအနေဖြင့် ပြန်လည်မျှဝေပေးလိုက်ရပါသည်။
3
19 Nov 2025
Celebrating International Men’s Day at KBZMS
အမျိုးသားတွေအနေနဲ့ ဖခင်၊ ဦးလေး၊ သူငယ်ချင်း၊ အကို၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်၊ ဆရာစသည်ဖြင့် နေရာကဏ္ဍမျိုးစုံမှာကိုယ်စီတာဝန်တွေကိုထမ်းဆောင်နေကြရပါတယ်။ အမျိုးသားတွေမှာလည်း ရှင်သန်ရတဲ့နေ့စွဲတွေမှာ ရှင်သန်နေထိုင်မှုတွေအလိုက် ကြုံရတဲ့အခက်အခဲတွေ၊ တာဝန်တွေ၊ မဖော်ပြနိုင်တဲ့ခံစားချက်တွေ၊ စိတ်မလုံခြုံမှုတွေ များစွာရှိပါတယ်။ သန်မာရမယ်၊မခံစားရဘူး၊မငိုကြွေးရဘူး၊ တာဝန်တွေရှိတယ်ဆိုတဲ့သတ်မှတ်ခေါင်းစဉ်တွေအောက်မှာ ခံစားချက်တွေကိုလျစ်လျူရှုပြီး ဖုံးကွယ်ထားဖို့မလိုအပ်ပါဘူး။ မိသားစု၊ လုပ်ငန်းခွင်၊ လူမှုအသိုင်းအဝိုင်းမှာ အမျိုးသားဖြစ်စေ၊အမျိုးသမီးဖြစ်စေ တန်းတူအခွင့်အရေးနဲ့ထိုက်တန်ပြီး ပံ့ပိုးကူညီမှု၊ ချစ်ခြင်းမေတ္တာတရားရရှိမှု၊ နွေးထွေးမှု၊ အပြန်အလှန်လေးစားမှု၊ စိတ်ရောကိုယ်ပါကျန်းမာရေးကိုအလေးပေးမှု အားလုံးကို ရရှိဖို့လိုအပ်ပါတယ်။ KBZMSအနေနဲ့ လုပ်ငန်းခွင်အတွင်းသာမက ပြင်ပနေထိုင်မှုတွေမှာပါ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ရဲရင့်သန်မာမှု၊ ကာကွယ်မှု အပြည့်နဲ့ ဂုဏ်ယူစွာဆောင်ရွက်နေကြတဲ့ အမျိုးသားများအားလုံးကို အသိအမှတ်ပြုဂုဏ်ပြုပါတယ်။ KBZMS မှ နိုဝင်ဘာလ (၁၉) ရက်နေ့တွင်ကျရောက်ခဲ့တဲ့ “International Men’s Day” ကို ဂုဏ်ပြုသောအားဖြင့် နိုဝင်ဘာလ (၂၁)ရက်နေ့တွင် Customer Service Area မှာ “International Men’s Day” ကို ကျင်းပပေးခဲ့ပြီး အမှတ်တရလက်ဆောင်တွေကို ပေးအပ်ခဲ့ပါတယ်။ “International Men’s Day” ကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြတဲ့ ပုံရိပ်တွေကိုလည်း အမှတ်တရအဖြစ် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
KBZMS Hosts “Mandalay Phoenix” Event
13 Nov 2025
KBZMS Hosts “Mandalay Phoenix” Event
KBZMS မှ ကျောင်းသားအရွယ် လူငယ်မောင်မယ်များရဲ့ ဘဝအတွက် အရေးပါသော စိတ်လုံခြုံမှုကိုရည်ရွယ်ပြီး ဦးဆောင်ကျင်းပခဲ့တဲ့ “ရှင်သန်နိုးထလာသော မန္တလေးမှ လူငယ်များ” တွေ့ဆုံပွဲလေးကို KBZ Center Mandalay မှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ 👏👏👏 တွေ့ဆုံပွဲလေးရဲ့ အနှစ်သာရကို ပေါ်လွင်အောင် အသိပညာ၊ စာပေဗဟုသုတများဖြင့် မျှဝေပေးခဲ့တဲ့ ဆရာ ဆူးငှက် ကို ကျေးဇူးဂါရဝပြုကြောင်း ထပ်မံ မှတ်တမ်းတင်ရှိပါတယ်။ ထို့အတူ လူငယ်မောင်မယ်များရဲ့ Inner-Balance နဲ့ Well-Being ကဲ့သို့ အကြောင်းအရာများကို လူငယ်တွေ နားလည် သဘောပေါက်လွယ်စေရန် စနစ်တကျ စီစဉ် ဝေမျှပေးခဲ့တဲ့ Yangon School Social Work (YSSW) မှ ဆရာဦးကျော်စစ်နိုင်နဲ့ အဖွဲ့သားများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ တွေ့ဆုံပွဲလေးရဲ့ အစီအစဉ်တစ်ခုချင်းစီတိုင်းမှာ စိတ်ပါဝင်စားစွာနဲ့ တက်တက်ကြွကြွပါဝင်ပေးခဲ့ကြတဲ့ မန္တလေးမြို့က လူငယ်မောင်မယ်များအားလုံးကိုလည်း အသိအမှတ်ပြု၊ မှတ်တမ်းတင်အပ်ပါတယ်။ လူငယ်တွေအနေနဲ့ တွေဆုံပွဲကတဆင့် ကိုယ့်ရဲ့ စိတ်မလုံခြုံမှုတွေ၊ ကိုယ့်ကိုကိုယ် အပြစ်တင်အားငယ်နေမိတဲ့အပိုင်းတွေကို သေချာသိမြင်ကာ လျော့ကျ၊ ပျောက်ကင်းသွားပြီး စိတ် လုံခြုံမှုအပြည့်နဲ့ ဘဝလုံခြုံမှုဆီ ဦးတည်လျှောက်လှမ်းနိုင်ကြရန်လည်း မျှော်လင့်မိပါတယ်။ ဒီနေ့တွေ့ဆုံပွဲလေးဖြစ်မြောက်အောင် နေရာတစ်ခုအဖြစ်ရှိပေးတဲ့ KBZ Center Mandalay ကိုလည်းကျေးဇူးတင်ပါတယ် “ရှင်သန်နိုးထလာသော မန္တလေးမှ လူငယ်များ” တွေ့ဆုံပွဲကို ကိုယ်တိုင်ကိုယ်ကျတက်ရောက်ခဲ့တဲ့ သူများအနေဖြင့်လည်း ကိုယ်တွေ့ အတွေ့အကြုံလေးတွေကို Comment ထဲမှာ မျှဝေပေးဖို့ ဖိတ်ခေါ်ပါရစေ။
1
30 Oct 2025
KBZMS General Insurance and ATOM Myanmar Limited sign Memorandum of Understanding (MOU)
KBZMS General Insurance နှင့် ATOM Myanmar Limited တို့သည် မြန်မာနိုင်ငံတွင် Digital Platform မှတစ်ဆင့် အာမခံဝန်ဆောင်မှုများကို မြန်မာပြည်သူများလွယ်ကူစွာဝယ်ယူနိုင်ရန်တွက် အတူလက်တွဲပူးပေါင်းဖန်တီးခြင်း သဘောတူညီစာချုပ်ကို အောက်တိုဘာလ (၂၉)ရက်နေ့၊ ဗုဒ္ဓဟူးနေ့တွင် နှစ်ဖက်သော ကုမ္ပဏီမှ CEO များမှ လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ဤသို့လက်တွဲပူးပေါင်းလုပ်ဆောင်ရခြင်းသည် မြန်မာပြည်သူများအတွက် အထောက်အကူပြုအကာအကွယ်ရစေမည့် Travel Protect (ခရီးသွားအာမခံ)နှင့် Personal Accident Insurance (ကိုယ်အင်္ဂါထိခိုက်မှုအာမခံ)တို့ကို ATOM Store App မှ တစ်ဆင့် ဒီဂျစ်တယ်နည်းပညာဖြင့် လွယ်ကူမြန်ဆန်စွာဝယ်ယူနိုင်ခြင်း ATOM ၏ ဒီဂျစ်တယ်နည်းပညာဦးဆောင်မှု၊ KBZMS ၏ လုံခြုံစိတ်ချရသော အာမခံအကာအကွယ်ပံ့ပိုးမှုများကိုပေါင်းစပ်ပြီး မြန်မာနိုင်ငံအတွက် လုံခြုံစိတ်ချရသောအကာအကွယ်၊နည်းပညာများဖြင့် ပိုမိုကောင်းမွန်သော ခေတ်မီနေထိုင်မှုဘဝကို ဖန်တီးပေးနိုင်ခြင်းတို့ကိုရည်ရွယ်ပါသည်။ အတူလက်တွဲခြင်းမှသည် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုအရွေ့များကို ပုံဖော်နိုင်ရန်အတွက် ဆက်လက်ကြိုးစားသွားပါမည်။
16a
28 Oct 2025
“ Elite Circle 2025: Where Inspiration Meets Achievement”
၂၀၂၄ အောက်တိုဘာလမှ ၂၀၂၅ခု စက်တင်ဘာလအထိ (၁)နှစ်တာကာလအတွင်း သက်မှတ်စံနှုန်းများကို သာလွန်ခဲ့ကြသည့် ရွှေလက်တွဲကိုယ်စားလှယ်ကြီးများအား KBZMS မှ အောက်တိုဘာလ (၂၄) ရက်နေ့ တွင် Eravati Sule Grand Yangon Hotel ၌ “KBZMS Elite Circle” ဂုဏ်ပြုပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ KBZMS ၏ Chief Executive Officer ဦးစိုင်းလူမွန်အောင်မှ မိတ်ဆက်အမှာစကား နှင့် စွမ်းဆောင်ရည်မြင့်မားသည့် ကိုယ်စားလှယ်များအား ဂုဏ်ပြုကျေးဇူးတင်ရှိကြောင်း၊ လာမည့်နှစ်များတွင်လည်း ကိုယ်စားလှယ်တော်ကြီးများနှင့်အတူ အားသွန်ခွန်စိုက်လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး CEO U Sai Lu Mon Aung ၊ CFO Daw May Su Hlaing ၊ CMO Daw Yu Wai Maung ၊ DYCDO Daw Phyo May Win ၊ Head of Retail Partners U Myo Min Thant ၊ Head of Independent Agency Daw Yin Thu Lwin တို့မှ ၂၀၂၄ အောက်တိုဘာလမှ ၂၀၂၅ စက်တင်ဘာလအထိ (၁)နှစ်တာကာလအတွင်း စွမ်းဆောင်ရည် မြင့်မားသော ရွှေလက်တွဲ ကိုယ်စားလှယ်တော်ကြီးများအား ဂုဏ်ပြုဆုချီးမြှင့် ပေးအပ်သည့် အပြင် July, August, Sep အတွင်း Renewal Retention ထိန်းသိမ်းနိုင်မှု အကောင်းဆုံး ကိုယ်စားလှယ်တော်ကြီးများအား Ultimate Defender Award၊ Renewal Retention ထိန်းသိမ်းနိုင်မှု အကောင်းဆုံး ရုံးခွဲများအား Golden Retention Award အစရှိသော ဆုလက်ဆောင်များအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် KBZMS မှ အစပြုခဲ့သောကိုယ်စားလှယ်တော်ကြီးများရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် “ Agent Health and Wellness Program” ကို ထည့်သွင်းကျင်းပခဲ့ကာ ထိပ်တန်း ကိုယ်စားလှယ်တော်ကြီးများအား အာရောဂျံ ကျန်းမာရေး အာမခံအကာအကွယ် လက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ပါသည်။ Head of Retail Partners ဦးမျိုးမင်းသန့်မှ ဂုဏ်ပြုမိန့်ခွန်း နှင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းဆောင်တာများကို ပြောကြားခဲ့ပြီးနောက် ကိုယ်စားလှယ်တော်ကြီးများမှ အက အလှများဖြင့် မြူးမြူးကြွကြွ ဖျော်ဖြေမှုများစွာနှင့်အတူ “ Elite Circle” အခမ်းအနားအား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။
11
22 Oct 2025
✨ Rising Together Bancassurance Annual Appreciation………
စက်တင်ဘာလ (၂၀) ရက်နေ့၊ ရန်ကုန်မြို့ Rose Garden Hotelတွင် KBZMS နှင့် MOBဘဏ်တို့၏ ဂုဏ်ပြုညစာစားပွဲကို ကျင်းပြုလုပ်ခဲ့ပြီး ကုမ္ပဏီ (၂)ခုမှ တာဝန်ရှိသူများမှ တက်ရောက်ခဲ့ပါသည်။ ဤအခမ်းအနားသည် KBZMS နှင့် MOB Bank တို့ရှိ Bancassurance channel မှ ဝန်ထမ်းများ၏ကြိုးစားအားထုတ်မှုများကို ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် ကျင်းပပြုလုပ်ပေးသည့် ညစာစားပွဲဖြစ်ပါသည်။ MOB Bank ၏ CEO ဦးကောင်းထက်ဇော်နှင့် KBZMS ၏ CEO ဦးလူမွန်အောင် တို့မှ အဖွင့်အမှာစကားဖြင့် အခမ်းအနားကိုစတင်ခဲ့ပြီး တာဝန်ရှိသူများမှ တစ်နှစ်တာအတွင်းလုပ်ဆောင်ခဲ့သည့် အစီအစဉ်များအားပြန်လည်သုံးသပ်ပြီး ရှေ့ဆက်မည့် မဟာဗျူဟာအစီအစဉ်များနှင့် ရည်မှန်းချက်များအား ပြောကြားခြင်းနှင့် ဆုချီးမြှင့်မှုများပြုလုပ်ခဲ့ပါသည်။ ဂုဏ်ပြုညစာစားပွဲ၏ အောင်မြင်စွာပြီးဆုံးခဲ့သော ပုံရိပ်များကိုလည်း မှတ်တမ်းတစ်ခုအနေဖြင့် ပြန်လည်မျှဝေပေးလိုက်ရပါသည်။
News Featured Image
21 Aug 2025
Rising Together Bancassurance Annual Appreciation Dinner by KBZMS & KBZ
သြဂုတ်လ (၂၁) ရက်နေ့၊ ရန်ကုန်မြို့ WYNDHAM GRAND YANGON Hotelတွင် KBZMS နှင့် KBZ ဘဏ်တို့၏ ဂုဏ်ပြုညစာစားပွဲအား ကျင်းပပြုလုပ်ခဲ့ပြီး နှစ်ဖက်သောကုမ္ပဏီ၏ တာဝန်ရှိသူများမှ တက်ရောက်ခဲ့ပါသည်။
2
11 Jul 2025
KBZMS All Hands Meeting 2025 အောင်မြင်မှုနဲ့အတူ အမှတ်တရပုံရိပ်များအားမျှဝေခြင်း
KBZMS General Insurance ၏ ဒုတိယအကြိမ်မြောက် All Hands Meeting ကို ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (၁၀)ရက်နေ့တွင် Meliá Hotel တွင်အောင်မြင်စွာကျင်းပခဲ့ပြီဖြစ်ပါသည်။
Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.
Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.