KBZMS All Hands Meeting was held on 2024
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက်၊ တနင်္လာနေ့တွင် KBZMS All Hands Meeting အခမ်းအနားကို Zealax Hotel (GAIA Ballroom) ၌ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Executive Vice Chairman ဦးညိုမြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး CEO ဦးစိုင်းလူမွန်အောင် မှ နောင်လာမည့်နှစ်များတွင် ဆက်လက်လုပ်ကိုင်သွားမည့် စီးပွားရေးဗျူဟာများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ ပွဲကို တက်ရောက်လာတဲ့ဝန်ထမ်းများမှ မေးမြန်းသည့် ကုမ္ပဏီနှင့် သက်ဆိုင်သည့် မေးခွန်းများကို ပြန်လည်ဖြေကြားကာ အောင်မြင်မှုပန်းတိုင်ဆီသို့ အတူတကွ လျှောက်လှမ်းရန် အားပေးစကား ပြောကြားရင်း All Hands Meeting ကို အောင်မြင်စွာ အဆုံးသတ်ခဲ့ပါတယ်။ပြောကြားရင်း All Hands Meeting ကို အောင်မြင်စွာ အဆုံးသတ်ခဲ့ပါတယ်။
သတင်းအချက်အလက်များ
ကျွန်ုပ်တို့ KBZMS အာမခံကုမ္ပဏီ၏ အဓိက စံတန်ဖိုးများဖြစ်သည့် မေတ္တာ၊ သတ္တိ နှင့် ဝီရိယ တို့ကို ဖော်ကြူးသည့် ယဉ်ကျေးမှုများ၊ လူထုဖွံ့ဖြိုးတိုးတက်မှုများ၊ ကုမ္ပဏီအဖွဲ့အစည်းပွဲများကို တွေ့မြင်နိုင်မှာဖြစ်ပါသည်။
03 May 2024
Elevate & Celebrate Awarding Ceremony and Grand Dinner
KBZMS Partners ကြီးများ၊ Liaison Officers များနှင့် KBZMS ရုံးခွဲများ၏ ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် Elevate & Celebrate Awarding Ceremony and Grand Dinner ညစာစားပွဲကို ၂၀၂၄ ခုနှစ်၊ မေလ ၃ ရက်နေ့၊ Wyndham Grand ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
14 Apr 2024
Celebrate Thingyan in Pattaya with KBZMS Campaign
Celebrate Thingyan in Pattaya with KBZMS Campaign ၏ ကံထူးရှင်များသည် ဧပြီလ (၁၄) ရက်နေ့မှ (၁၆) ရက်နေ့အထိ သင်္ကြန်အားလပ်ရက်များကို ထိုင်းနိုင်ငံတွင် ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပါသည်။ Campaign အထမြောက်အောင် ပူးပေါင်းပါဝင်ပေးသော Figo Travels and Tours နှင့် သက်ဆိုင်ရာ လူကြီးမင်းများကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားအပ်ပါသည်။
09 Apr 2024
Agent Power Up Contest
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ မှ မတ်လ (Financial Year Quarter 4) အတွင်း ရောင်းအားရလဒ်အရ စွမ်းဆောင်ရည်အမြင့်မားဆုံး နှင့် ရောင်းအားအမြင့်မားဆုံးကိုယ်စားလှယ်တော်များအား ဆုချီးမြှင့်သည့် Power Up Contest ဆုပေးပွဲအခမ်းအနားကို ရန်ကုန်မြို့၊ ပြည်ထောင်စုရိပ်သာလမ်းရှိ The Brunch Society တွင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့၌ ကျင်းပခဲ့ပါသည်။
05 Apr 2024
KBZMS Bancassurance Channel Staff Award Ceremony and Banca Day Celebration Dinner
၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်၊ သောကြာနေ့တွင် KBZMS ရှိ Banca ဝန်ထမ်းများအား အထူးဂုဏ်ပြုညစာစားပွဲကို ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်ရှိ Royal Green River Cruise ၌ ကျင်းပပြုလုပ်ခဲ့ပြီး အာမခံအရောင်းချနိုင်ဆုံး (Highest Sales) ကြယ်ပွင့်သုံးဦးအား Quarterly Bright Insurance Star (BIS) ဆုများ နှင့် Final Sprint Highest Premium Award ဆုများ အသီးသီး ချီးမြှင့်ပေးခဲ့ပါသည်။