KBZMS All Hands Meeting was held on 2024

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက်၊ တနင်္လာနေ့တွင် KBZMS All Hands Meeting အခမ်းအနားကို Zealax Hotel (GAIA Ballroom) ၌ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Executive Vice Chairman ဦးညိုမြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး CEO ဦးစိုင်းလူမွန်အောင် မှ နောင်လာမည့်နှစ်များတွင် ဆက်လက်လုပ်ကိုင်သွားမည့် စီးပွားရေးဗျူဟာများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ ပွဲကို တက်ရောက်လာတဲ့ဝန်ထမ်းများမှ မေးမြန်းသည့် ကုမ္ပဏီနှင့် သက်ဆိုင်သည့် မေးခွန်းများကို ပြန်လည်ဖြေကြားကာ အောင်မြင်မှုပန်းတိုင်ဆီသို့ အတူတကွ လျှောက်လှမ်းရန် အားပေးစကား ပြောကြားရင်း All Hands Meeting ကို အောင်မြင်စွာ အဆုံးသတ်ခဲ့ပါတယ်။ပြောကြားရင်း All Hands Meeting ကို အောင်မြင်စွာ အဆုံးသတ်ခဲ့ပါတယ်။
08 July 2024   |

သတင်းအချက်အလက်များ

 

ကျွန်ုပ်တို့ KBZMS အာမခံကုမ္ပဏီ၏ အဓိက စံတန်ဖိုးများဖြစ်သည့် မေတ္တာ၊ သတ္တိ နှင့် ဝီရိယ တို့ကို ဖော်ကြူးသည့် ယဉ်ကျေးမှုများ၊ လူထုဖွံ့ဖြိုးတိုးတက်မှုများ၊ ကုမ္ပဏီအဖွဲ့အစည်းပွဲများကို တွေ့မြင်နိုင်မှာဖြစ်ပါသည်။

Award Freature Image
25 Feb 2025
KBZMS Wins Best General Insurance Provider
International Finance 2024 ရဲ့ Best General Insurance Provider အဖြစ် KBZMS မှ ရွေးချယ်ခံခဲ့ရပါသည်။ မြန်မာနိုင်ငံရဲ့တစ်ခုတည်းသော အာမခံကုမ္ပဏီအဖြစ် ယခုကဲ့သို့ဂုဏ်ယူစရာဆုကိုရရှိပြီး ဒီနှစ်ကိုအစပြုရတဲ့အတွက် အလွန်ပင်ဝမ်းသာပီတိဖြစ်ရပါသည်။
Winner Announcement Vietnam Trip
17 Jan 2025
Motor Campaign Winner Announcement
စိတ်ချမောင်းနှင် ဗီယက်နမ်ခရီးစဉ်” ရဲ့ ကံထူးရှင်ကြီးထွက်ပေါ်လာပါပြီ ၃ညအိပ် ၄ရက် ဗီယက်နမ်ခရီးစဉ်ကံထူးသွားသည့် (YUZANA COMPANY LIMITED) U KYAW HTAY, Policy No. POG20231214511810-R1 အား KBZMS မှ အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါသည်။ Motor Campaign ကြီးတွင်ပါဝင်ပြီး စိတ်ချမောင်းနှင်မှုကိုရယူခဲ့သည့်တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။
4S4A0311
17 Jan 2025
Exciting Moments at the ASEAN Mitsubishi Electric Cup™ 2024
KBZMS မှ Presenting Partner အဖြစ်ပါဝင်ခဲ့သည့် ASEAN Mitsubishi Electric Cup™ 2024 အား အောင်မြင်စွာပြီးဆုံးခြင်း KBZMS မှ Presenting Partner အဖြစ်ပါဝင်ခဲ့သည့် ASEAN United FC ရဲ့ ပွဲစဉ် (၄) ခုထဲကနေ ASEAN Mitsubishi Electric Cup™ 2024 ကတော့အောင်မြင်စွာပြီးဆုံးခဲ့ပြီပဲဖြစ်ပါသည်။ ပွဲစဉ်ကာလအတွင်း KBZMS မှ ပွဲသို့လာရောက်သူများအား Spin Wheel လှည့်ပြီး လက်ဆောင်ပေးခြင်း Activities နှင့် အမှတ်တစ်ချို့ပုံရိပ်များဖြစ်ပါသည်။
Harassment & Bullying
17 Dec 2024
It Stops Here and Now Campaign
KBZMS သည် “မေတ္တာ၊ သတ္တိ၊ ဝီရိယ” ဆိုသည့် စံတန်ဖိုးများနှင့် လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းခွင်တစ်ခုဖြစ်ပြီး ထိုတန်ဖိုးများထဲမှ တစ်ခုဖြစ်သည့် မေတ္တာနှင့်အညီ လုပ်ငန်းခွင်အတွင်း ကျား/မ ခွဲခြားခြင်းမရှိခြင်း၊ တန်းတူညီမျှရှိခြင်း၊ မတူကွဲပြားခြားနားမှုများကို လက်ခံကျင့်သုံးခြင်းစသည့်အရာများတွင် ပါဝင်လျက်ရှိပြီး လုပ်ငန်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့သော လုပ်ငန်းခွင်တစ်ခုရရှိနိုင်ရန်အတွက် အစဉ်အမြဲကြိုးစားဆောင်ရွက်လျက်ရှိပါသည်။
5
11 Nov 2024
KBZMS Donated “Four sets of Water Purification Machines”
KBZMS General Insurance Co.,Ltd မှ ကလောမြို့နယ်နှင့် ညောင်ရွှေမြို့နယ်ရှိ ရေဘေးသင့်ဒေသခံပြည်သူများ သန့်ရှင်းသောသောက်သုံး‌ရေသန့်ရရှိရေးအတွက် ရေသန့်စက် (၃)စုံလှူဒါန်းခဲ့ပါသည်။
KBZMS & MOB
11 Nov 2024
Revive & Thrive Appreciation Dinner by KBZMS & MOB
နိုဝင်ဘာ (၂၃) ရက်နေ့တွင် ရန်ကုန်မြို့ Zealax Hotel တွင် KBZMS နှင့် MOB တို့ပူးပေါင်းပြီး Revive & Thrive Appreciation Dinner ကျင်းပခဲ့ရာ KBZMS နှင့် MOB မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။
1.1
30 Oct 2024
KBZMS Futsal Day: A Celebration of Excitement
KBZMS မှ “KBZMS Commitment Month” ကိုဂုဏ်ပြုခြင်းအားဖြင့် GROWTH Strategy တွင်ချမှတ်ထားသော ရည်ရွယ်ချက်များထဲမှ တစ်ခုဖြစ်သည့် ဝန်ထမ်းများအားလုံး ပူးပေါင်းဆောင်ရွက်နိုင်ခြင်းကို အကောင်အထည်ဖော်ရန်အတွက် ဖူဆယ်ပြိုင်ပွဲအား အောက်တိုဘာလ (၂၅) ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤကဲ့သို့ပြုလုပ်ခြင်းသည် လုပ်ဖော်ကိုင်ဖက်တစ်ဦးနှင့်တစ်ဦး ခင်မင်ရင်းနှီးပျော်ရွှင်ခြင်း၊ ပူပေါင်းဆောင်ရွက်ခြင်းအနှစ်သာရတို့ကိုရရှိစေရန်အတွက်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပါသည်။
8
30 Oct 2024
Dance with Cheers, Crown with Stars
၂၀၂၃ အောက်တိုဘာလမှ ၂၀၂၄ စက်တင်ဘာလအထိ (၁)နှစ်တာကာလအတွင်း သက်မှတ်စံနှုန်းများကိုသာလွန်ခဲ့ကြသည့် ရွှေလက်တွဲကိုယ်စားလှယ်ကြီးများအား KBZMS မှ အောက်တိုဘာလ (၂၉)ရက်နေ့တွင် ဂုဏ်ပြုချီးမြှင့်ပွဲပြုလုပ်ပေးခဲ့ပါသည်။ LOTTE Hotel တွင်ကျင်းပပြုလုပ်ခဲ့သော ထိပ်တန်းကိုယ်စားလှယ်ကြီးများ၏ ဂုဏ်ယူဖွယ်ရာ၊ကြည်နူးဖွယ်ရာအမှတ်တရပုံရိပ်များအားမျှဝေပေးလိုက်ရပါသည်။
Photo frame-1
23 Oct 2024
Teaming up with KBZMS and Fary Taxi for a Safe Journey
အန္တရာယ်ကင်းကင်း၊ ယုံကြည်မှုအပြည့်နှင့် ခရီးသွားနိုင်ဖို့ KBZMS နှင့် FARY Taxi တို့ လက်တွဲလိုက်ပါသည်။ FARY ၏ အမာခံ Taxi မောင်းနှင်သူများနှင့် စီးနင်းလိုက်ပါသူများအား ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် KBZMS၏ ခရီးသွားအာမခံကို ထည့်သွင်းပေးတော့မည်ဖြစ်ပါသည်။ KBZMS ခရီးသွားအာမခံသည် Fary Taxi မောင်းနှင်သူများနှင့် စီးနင်းသူများအားလုံးအတွက် ခရီးလမ်းကြောင်းတိုင်းတွင် အာမခံကာကွယ်မှုနှင့်အတူ ဘေးကင်းလုံခြုံ၊ စိတ်ချရမှုကိုပြည့်ဝစွာရရှိစေမှာပဲဖြစ်ပါသည်။
Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.
Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.