KBZMS All Hands Meeting was held on 2026
မေတ္တာနှင့်လျှောက်လှမ်း ယုံကြည်မှုနှင့်ဖြတ်သန်း (၁၃)နှစ်တာသက်တမ်း
KBZMS General Insurance ၏ တတိယအကြိမ်မြောက် All-Hands Meeting ကို ၂၀၂၆ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့၊ Wyndham Grand Hotel တွင်အောင်မြင်စွာကျင်းပခဲ့ပြီဖြစ်ပါသည်။
ဝန်ထမ်းများအားလုံးပျော်ရွှင်တက်ကြွစွာဖြင့် All-Hands Meeting ကိုဆင်နွှဲနိုင်ရန်အတွက် Warm Up – One Team Activation လှုပ်ရှားမှုဖြင့်စတင်ခဲ့ပြီး KBZMS CEO ဦးစိုင်းလူမွန်အောင်မှ စိန်ခေါ်မှုများမှ အောင်မြင်မှုများစွာရရှိခဲ့သည်ကို ချီးကျူးဂုဏ်ပြုအသိအမှတ်ပြုခြင်းနှင့်အတူ ရှေ့ဆက်သောခရီးစဉ်များအတွက် ONE Team, ONE Direction, ONE Bold Future ဖြင့်အတူကြိုးစားမည်ဖြစ်ကြောင်းကိုပြောကြားခဲ့ပါသည်။
ဦးရွှေလမင်း(Retail Partners Channel)၊ ဒေါ်ချောစုစုအောင်(Underwriting)၊ ဦးကျော်ဇင်ဟန် (Customer Experience & Marketing)၊ ဒေါ်ထိုက်ထိုက်စံ (Finance)၊ ဒေါ်ဇင်ဝါဝါကျော်(Corporate Direct Channel) တို့မှလည်း KBZMS ၏ အောင်မြင်မှုရည်ရွယ်ချက်ဆီသို့သွားရာတွင် ONE Team Direction ဖြင့်အတူတူပူးပေါင်းဆောင်ရွက်ပြီး ကြိုးစားသွားကြမည်ဖြစ်ကြောင်းကို မျှဝေခြင်းများနှင့်အတူ ပြောကြားခဲ့ပါသည်။
ဆက်လက်၍ လုပ်သက် (၁၀)နှစ် နှင့် (၅)နှစ် ပြည့်ဝန်ထမ်းများအား Long Standing Appreciation Award ဖြင့် ကြိုးစားပြီးအတူရှိခဲ့သည့်အတွက် Appreciation Awards များချီးမြှင့်ခြင်း၊ ဝန်ထမ်းများအား Dinner ဧည့်ခံကျွေးမွေးခြင်း၊ (၁၃)နှစ်ပြည့်တာကာလအတွက် ကိတ်ခွဲခြင်းခြင်းနှင့်အတူ တစ်ခြားသော ပျော်ရွှင်ဖွယ်ရာ Activities များစွာကို အတူဆင်နွှဲခဲ့ကြပါသည်။
All-Hands Meeting 2026 အခမ်းအနားကြီးအောင်မြင်စွာပြီးမြောက်အောင် အဖက်ဖက်မှ ကူညီပံ့ပိုးပေးခဲ့ကြသည့် တစ်ဦးတစ်ယောက်ချင်းစီနှင့်အတူ တက်ရောက်ပေးခဲ့ကြသည့် ရုံးချုပ်နှင့် ရုံးခွဲများများမှ ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီတိုင်းအား ကျေးဇူးအထူးတင်ရှိရပါသည်။
သတင်းအချက်အလက်များ
ကျွန်ုပ်တို့ KBZMS အာမခံကုမ္ပဏီ၏ အဓိက စံတန်ဖိုးများဖြစ်သည့် မေတ္တာ၊ သတ္တိ နှင့် ဝီရိယ တို့ကို ဖော်ကြူးသည့် ယဉ်ကျေးမှုများ၊ လူထုဖွံ့ဖြိုးတိုးတက်မှုများ၊ ကုမ္ပဏီအဖွဲ့အစည်းပွဲများကို တွေ့မြင်နိုင်မှာဖြစ်ပါသည်။