2024 Best Companies to Work in Myanmar Award

JobNet Myanmar က ပေးအပ်သည့် “2024 Best Companies to Work in Myanmar Awards” ကို တစ်ဦးတည်းသော အထွေထွေအာမခံကုမ္ပဏီဖြစ်သည့် KBZMS မှ လက်ခံရရှိခဲ့ကြောင်းကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့်မျှဝေပေးလိုက်ပါသည်။

ယခုလို အသိမှတ်ပြုမှုခြင်းသည် KBZMS ၏ ၂၀၂၄ ခုနှစ်အတွက် ချမှတ်ထားတဲ့ GROWTH Strategy မှ အခန်းကဏ္ဍတစ်ခုဖြစ်သည့် ဝန်ထမ်းများ ၊ စီးပွါးမိတ်ဖက်များ၏ ကိုယ်စိတ်နှစ်ပါးကျန်းမာစေရေး တာဝန်ယူဆောင်ရွက်ပေးမည့် စီမံကိန်းကို အကောင်အထည်ဖော်ရာမှာ များစွာအထောက်အကူဖြစ်စေပါသည်။

KBZMS အနေနှင့် ကျွန်ုပ်တို့အဓိကစံတန်ဖိုးများဖြစ်သော “မေတ္တာ၊ သတ္တိ၊ ဝီရိယ” တို့ကို လက်ကိုင်ထားပြီး ဝန်ထမ်းများ ဘဝတိုးတက်သာယာရေးနဲ့ ဝန်ထမ်းများအတွက် အခွင့်အလမ်း များကိုပိုမိုဖန်တီးပေးနိုင်ရန်အစဉ်အမြဲကြိုးစားသွားမှာဖြစ်ပါသည်။

Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.
Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.